2. ချက်ချင်းပင်ဝိညာဉ်တော်သည်ငါ့အပေါ်သို့ သက်ရောက်လာလေသည်။ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင်ထိုင်နေ တော်မူသောအရှင်တစ်ပါးရှိသည်။-
3. ထိုအရှင်၏မျက်နှာတော်သည်နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်ကဲ့သို့တောက်ပ၏။ ပလ္လင်၏ပတ် လည်တွင်မြရောင်ပြေးနေသောသက်တန့်တည် လျက်ရှိ၏။-
4. ထိုပလ္လင်၏ပတ်လည်တွင်အခြားပလ္လင်နှစ်ဆယ့်လေး ခုကိုငါတွေ့မြင်ရ၏။ ထိုပလ္လင်များအပေါ်တွင် အကြီးအကဲနှစ်ဆယ့်လေးပါးထိုင်လျက်နေ၏။ သူတို့သည်ဝတ်ဖြူစင်ကြယ်များကိုဝတ်လျက်ရွှေ သရဖူများကိုဆောင်းထားကြ၏။-
5. ပလ္လင်တော်ထဲမှလျှပ်စစ်ပြက်သည့်အရောင်များ၊ မိုးချုန်းသံများ၊ မိုးကြိုးသံများထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့တွင်ဘုရားသခင်၏ဝိညာဉ်ခုနစ် ပါးတည်းဟူသောမီးတိုင်သည်ထွန်းလင်းလျက် ရှိ၏။-