ဗျာ​ဒိတ် 4:10-11 Common Language Bible (BCL)

10. အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည်​ပလ္လင် ပေါ်​တွင်​စံ​တော်​မူ​၍ ကမ္ဘာ​အ​ဆက်​ဆက်​အ​သက် ရှင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​လျက် ရှိ​ခိုး​ကြ​ကုန်​၏။ သူ​တို့​သည်​ပလ္လင်​တော်​ရှေ့​တွင် မိ​မိ​တို့​၏​သ​ရ​ဖူ​များ​ကို​ချ​လျက်

11. ``အ​ကျွန်ုပ်​တို့​၏​အ​ရှင်​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၍ကိုယ်​တော်​၏​အ​လို​တော်​အ​ရ​သာ​လျှင် ထို​အ​ရာ​ခပ်​သိမ်း​တို့​သည်​အ​သက်​ရှင်​ကြ​ရ​ပါ​၏။ထို့​ကြောင့်​ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်၊ဂုဏ်​တော်၊တန်​ခိုး​တော်​တို့​ကို​ခံ​ယူ​ထိုက် တော်​မူ​ပါ​သည်''ဟု​မြွက်​ဆို​ကြ​၏။

ဗျာ​ဒိတ် 4