ဗျာ​ဒိတ် 3:7-17 Common Language Bible (BCL)

7. ``ဖိ​လ​ဒေ​လ​ဖိ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင် တ​မန်​ထံ​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ဤ​သြ​ဝါ​ဒ​သည်​မြင့်​မြတ်​သန့်​ရှင်း​သူ၊ သစ္စာ တော်​အ​ရှင်​၏​အ​ထံ​မှ​ဖြစ်​၏။ ကိုယ်​တော်​သည် ဒါဝိဒ်​မင်း​၏​တံ​ခါး​သော့​ကို​ပိုင်​တော်​မူ​၏။ ထို တံ​ခါး​ကို​ကိုယ်​တော်​ဖွင့်​တော်​မူ​လျှင်​အ​ဘယ် သူ​မျှ​မ​ပိတ်​နိုင်​ရာ။ ပိတ်​တော်​မူ​လျှင်​လည်း အ​ဘယ်​သူ​မျှ​မ​ဖွင့်​နိုင်​ရာ။-

8. သင်​ပြု​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည် ခွန်​အား​စွမ်း​ရည်​အ​နည်း​ငယ်​သာ​ရှိ​သော် လည်း ငါ့​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ​ငါ​၏ သစ္စာ​ကို​စောင့်​ခဲ့​ကြောင်း​ငါ​သိ​၏။ သင်​၏ ရှေ့​၌​တံ​ခါး​ကို​ငါ​ဖွင့်​ထား​ပြီ။ ထို​တံ​ခါး ကို​အ​ဘယ်​သူ​မျှ​မ​ပိတ်​နိုင်​ရာ။-

9. နား​ထောင်​လော့။ မိ​မိ​တို့​ကိုယ်​ကို​ယု​ဒ​အ​မျိုး သား​များ​ဟု​လိမ်​လည်​ပြော​ဆို​နေ​သူ​စာ​တန် ၏​အ​ဖွဲ့​ဝင်​တို့​အား သင်​၏​ခြေ​ရင်း​သို့​လာ ရောက်​ပျပ်​ဝပ်​စေ​မည်။ သင့်​အား​ငါ​ချစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​လိမ့်​မည်။-

10. သင်​သည်​ငါ​မှာ​ကြား​သည့်​အ​တိုင်း​စိတ်​ရှည်​သည်း ခံ​လျက်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​စစ်​ဆေး​ရန် ဆင်း​ရဲ​ဒုက္ခ​ကျ​ရောက်​လာ​ချိန်​၌ သင့်​အား​ငါ​ကာ​ကွယ်​စောင့်​ရှောက်​မည်။-

11. ငါ​သည်​မ​ကြာ​မီ​ကြွ​လာ​မည်။ သင်​၏​ဆု သ​ရ​ဖူ​ကို​အ​ဘယ်​သူ​မျှ​မ​လု​မ​ယူ​နိုင်​စေ​ရန် သင်​ရ​ရှိ​ထား​သော​အ​ရာ​ကို​လုံ​ခြုံ​စွာ​ထိန်း သိမ်း​၍​ထား​လော့။-

12. အောင်​မြင်​သော​သူ​အား​ငါ​၏​ဘု​ရား​သခင်​ဗိ​မာန် တော်​တွင်​မဏ္ဍိုင်​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​သည်​နောင် ဘယ်​အ​ခါ​မျှ​ဗိ​မာန်​တော်​အ​ပြင်​သို့​ရောက်​ရ လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ​မှ​ငါ​၏​ဘု​ရား သခင်​ထံ​တော်​မှ​ဆင်း​သက်​လာ​သော​ယေ​ရု​ရှ​လင် မြို့​သစ်​တည်း​ဟူ​သော ငါ​၏​ဘု​ရား​သ​ခင်​မြို့ တော်​အ​မည်​ကို​လည်း​ကောင်း၊ ငါ​၏​ဘု​ရား သ​ခင်​နာ​မ​တော်​ကို​လည်း​ကောင်း​သူ​၏​ပေါ် မှာ​ကမ္ပည်း​ရေး​ထိုး​မည်။ သူ့​အ​ပေါ်​မှာ​ငါ​၏ နာ​မ​တော်​သစ်​ကို​လည်း​ရေး​ထိုး​မည်။

13. ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား ရှိ​သူ​တို့​ကြား​ပါ​စေ။

14. ``လော​ဒိ​ကိ​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သခင်​ဖန်​ဆင်း​တော်​မူ သော​အ​ရာ​အ​ပေါင်း​တို့​၏​အ​စ​မူ​လ​ဖြစ်​တော် မူ​သော၊ သစ္စာ​ရှိ​၍​ဟုတ်​မှန်​သော​သက်​သေ​ခံ​ဖြစ် တော်​မူ​သော​အာ​မင်​၏​ထံ​မှ​ဖြစ်​သည်။-

15. သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​အ​ပူ လည်း​မ​ဟုတ်၊ အ​အေး​လည်း​မ​ဟုတ်​သည်​ကို​ငါ သိ​၏။ သင်​သည်​အ​ပူ​သို့​မ​ဟုတ်​အ​အေး​တစ်​ခု ခု​ဖြစ်​စေ​ရန်​ငါ​အ​လို​ရှိ​၏။-

16. သို့​ရာ​တွင်​သင်​သည်​မ​ပူ​မ​အေး​နွေး​ရုံ​သာ​ရှိ သ​ဖြင့် သင့်​အား​ငါ​၏​ခံ​တွင်း​မှ​ထွေး​ထုတ်​မည်။-

17. ``ငါ​သည်​ချမ်း​သာ​ကြွယ်​ဝ​၏။ ငါ့​မှာ​လို​လေ သေး​မ​ရှိ'' ဟု​သင်​ဆို​၏။ သို့​ရာ​တွင်​မိ​မိ​သည် အ​ဘယ်​မျှ​ဆင်း​ရဲ​ငြို​ငြင်​သ​နား​စ​ရာ​ကောင်း သည်​ကို​သင်​သိ​၏။ သင်​သည်​ချို့​တဲ့​လျက်၊ မျက် စိ​ကန်း​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက် နေ​ပါ​သည်​တ​ကား။-

ဗျာ​ဒိတ် 3