3. ထို့ကြောင့်သင်သည်ကြားနာခံယူခဲ့သည့် တရားကိုအောက်မေ့သတိရလျက်လိုက် လျှောက်ကျင့်သုံးလော့။ နောင်တရလော့။ သင် သည်မနိုးမထပါမူသူခိုးလာသကဲ့သို့ သင့်ထံသို့ငါလာမည်။ ငါလာမည့်အချိန် ကိုသင်သိရလိမ့်မည်မဟုတ်။-
4. သို့ရာတွင်သာဒိမြို့၌မိမိတို့အဝတ်ကို အညစ်အကြေးနှင့်ကင်းစင်စေသူအနည်း ငယ်ရှိ၏။ ထိုသူတို့သည်ထိုက်တန်သူများ ဖြစ်သဖြင့်ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ငါ နှင့်အတူသွားလာရကြလိမ့်မည်။-
5. အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။
6. ``အသင်းတော်တို့အားဝိညာဉ်တော်မိန့် တော်မူသောစကားများကိုကြားတတ် သောနားရှိသူတို့ကြားပါစေ။
7. ``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-
8. သင်ပြုသည့်အမှုကိုငါသိ၏။ သင်သည် ခွန်အားစွမ်းရည်အနည်းငယ်သာရှိသော် လည်း ငါ့သြဝါဒကိုလိုက်နာကာငါ၏ သစ္စာကိုစောင့်ခဲ့ကြောင်းငါသိ၏။ သင်၏ ရှေ့၌တံခါးကိုငါဖွင့်ထားပြီ။ ထိုတံခါး ကိုအဘယ်သူမျှမပိတ်နိုင်ရာ။-