3. ထို့ကြောင့်သင်သည်ကြားနာခံယူခဲ့သည့် တရားကိုအောက်မေ့သတိရလျက်လိုက် လျှောက်ကျင့်သုံးလော့။ နောင်တရလော့။ သင် သည်မနိုးမထပါမူသူခိုးလာသကဲ့သို့ သင့်ထံသို့ငါလာမည်။ ငါလာမည့်အချိန် ကိုသင်သိရလိမ့်မည်မဟုတ်။-
4. သို့ရာတွင်သာဒိမြို့၌မိမိတို့အဝတ်ကို အညစ်အကြေးနှင့်ကင်းစင်စေသူအနည်း ငယ်ရှိ၏။ ထိုသူတို့သည်ထိုက်တန်သူများ ဖြစ်သဖြင့်ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ငါ နှင့်အတူသွားလာရကြလိမ့်မည်။-
5. အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။
6. ``အသင်းတော်တို့အားဝိညာဉ်တော်မိန့် တော်မူသောစကားများကိုကြားတတ် သောနားရှိသူတို့ကြားပါစေ။
7. ``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-
8. သင်ပြုသည့်အမှုကိုငါသိ၏။ သင်သည် ခွန်အားစွမ်းရည်အနည်းငယ်သာရှိသော် လည်း ငါ့သြဝါဒကိုလိုက်နာကာငါ၏ သစ္စာကိုစောင့်ခဲ့ကြောင်းငါသိ၏။ သင်၏ ရှေ့၌တံခါးကိုငါဖွင့်ထားပြီ။ ထိုတံခါး ကိုအဘယ်သူမျှမပိတ်နိုင်ရာ။-
9. နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-
10. သင်သည်ငါမှာကြားသည့်အတိုင်းစိတ်ရှည်သည်း ခံလျက်နေခဲ့၏။ သို့ဖြစ်၍ကမ္ဘာသူကမ္ဘာသားတို့ အားစစ်ဆေးရန် ဆင်းရဲဒုက္ခကျရောက်လာချိန်၌ သင့်အားငါကာကွယ်စောင့်ရှောက်မည်။-
11. ငါသည်မကြာမီကြွလာမည်။ သင်၏ဆု သရဖူကိုအဘယ်သူမျှမလုမယူနိုင်စေရန် သင်ရရှိထားသောအရာကိုလုံခြုံစွာထိန်း သိမ်း၍ထားလော့။-
12. အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။
13. ``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော် မူသောစကားများကိုကြားတတ်သောနား ရှိသူတို့ကြားပါစေ။
14. ``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-
15. သင်ပြုခဲ့သည့်အမှုကိုငါသိ၏။ သင်သည်အပူ လည်းမဟုတ်၊ အအေးလည်းမဟုတ်သည်ကိုငါ သိ၏။ သင်သည်အပူသို့မဟုတ်အအေးတစ်ခု ခုဖြစ်စေရန်ငါအလိုရှိ၏။-
16. သို့ရာတွင်သင်သည်မပူမအေးနွေးရုံသာရှိ သဖြင့် သင့်အားငါ၏ခံတွင်းမှထွေးထုတ်မည်။-