ဗျာ​ဒိတ် 3:11-22 Common Language Bible (BCL)

11. ငါ​သည်​မ​ကြာ​မီ​ကြွ​လာ​မည်။ သင်​၏​ဆု သ​ရ​ဖူ​ကို​အ​ဘယ်​သူ​မျှ​မ​လု​မ​ယူ​နိုင်​စေ​ရန် သင်​ရ​ရှိ​ထား​သော​အ​ရာ​ကို​လုံ​ခြုံ​စွာ​ထိန်း သိမ်း​၍​ထား​လော့။-

12. အောင်​မြင်​သော​သူ​အား​ငါ​၏​ဘု​ရား​သခင်​ဗိ​မာန် တော်​တွင်​မဏ္ဍိုင်​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​သည်​နောင် ဘယ်​အ​ခါ​မျှ​ဗိ​မာန်​တော်​အ​ပြင်​သို့​ရောက်​ရ လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ​မှ​ငါ​၏​ဘု​ရား သခင်​ထံ​တော်​မှ​ဆင်း​သက်​လာ​သော​ယေ​ရု​ရှ​လင် မြို့​သစ်​တည်း​ဟူ​သော ငါ​၏​ဘု​ရား​သ​ခင်​မြို့ တော်​အ​မည်​ကို​လည်း​ကောင်း၊ ငါ​၏​ဘု​ရား သ​ခင်​နာ​မ​တော်​ကို​လည်း​ကောင်း​သူ​၏​ပေါ် မှာ​ကမ္ပည်း​ရေး​ထိုး​မည်။ သူ့​အ​ပေါ်​မှာ​ငါ​၏ နာ​မ​တော်​သစ်​ကို​လည်း​ရေး​ထိုး​မည်။

13. ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား ရှိ​သူ​တို့​ကြား​ပါ​စေ။

14. ``လော​ဒိ​ကိ​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သခင်​ဖန်​ဆင်း​တော်​မူ သော​အ​ရာ​အ​ပေါင်း​တို့​၏​အ​စ​မူ​လ​ဖြစ်​တော် မူ​သော၊ သစ္စာ​ရှိ​၍​ဟုတ်​မှန်​သော​သက်​သေ​ခံ​ဖြစ် တော်​မူ​သော​အာ​မင်​၏​ထံ​မှ​ဖြစ်​သည်။-

15. သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​အ​ပူ လည်း​မ​ဟုတ်၊ အ​အေး​လည်း​မ​ဟုတ်​သည်​ကို​ငါ သိ​၏။ သင်​သည်​အ​ပူ​သို့​မ​ဟုတ်​အ​အေး​တစ်​ခု ခု​ဖြစ်​စေ​ရန်​ငါ​အ​လို​ရှိ​၏။-

16. သို့​ရာ​တွင်​သင်​သည်​မ​ပူ​မ​အေး​နွေး​ရုံ​သာ​ရှိ သ​ဖြင့် သင့်​အား​ငါ​၏​ခံ​တွင်း​မှ​ထွေး​ထုတ်​မည်။-

17. ``ငါ​သည်​ချမ်း​သာ​ကြွယ်​ဝ​၏။ ငါ့​မှာ​လို​လေ သေး​မ​ရှိ'' ဟု​သင်​ဆို​၏။ သို့​ရာ​တွင်​မိ​မိ​သည် အ​ဘယ်​မျှ​ဆင်း​ရဲ​ငြို​ငြင်​သ​နား​စ​ရာ​ကောင်း သည်​ကို​သင်​သိ​၏။ သင်​သည်​ချို့​တဲ့​လျက်၊ မျက် စိ​ကန်း​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက် နေ​ပါ​သည်​တ​ကား။-

18. သို့​ဖြစ်​၍​သင်​သည်​ချမ်း​သာ​ကြွယ်​ဝ​ခြင်း​ငှာ​ရွှေ စင်​ကို ငါ့​ထံ​မှ​ဝယ်​ယူ​ရန်​ငါ​အ​ကြံ​ပေး​၏။ ထို့ အ​ပြင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​မှု​နှင့်​အ​ရှက် ကို​ဖုံး​ရန်​ဝတ်​ဖြူ​စင်​ကြယ်​ကို​လည်း​ကောင်း၊ မျက် စိ​အ​လင်း​ရ​စေ​ရန်​မျက်​စဉ်း​ဆေး​ကို​လည်း ငါ့​ထံ​မှ​ဝယ်​ယူ​လော့။-

19. ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။-

20. နား​ထောင်​လော့။ ငါ​သည်​တံ​ခါး​ရှေ့​တွင်​ရပ်​၍ တံ​ခါး​ခေါက်​လျက်​နေ​၏။ ငါ​၏​အ​သံ​ကို​ကြား ၍​တံ​ခါး​ကို​ဖွင့်​သော​သူ​၏​အိမ်​သို့​ငါ​ဝင်​ပြီး လျှင်​သူ​နှင့်​အ​တူ​စား​သောက်​မည်။ သူ​သည် လည်း​ငါ​နှင့်​အ​တူ​စား​သောက်​ရ​လိမ့်​မည်။-

21. ငါ​သည်​အောင်​မြင်​၍​ငါ့​ခ​မည်း​တော်​၏​ပလ္လင် ပေါ်​မှာ​ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သ​ကဲ့​သို့ အောင်​မြင်​သူ​အား​ပလ္လင်​ပေါ်​မှာ​ငါ​နှင့်​အ​တူ ထိုင်​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။

22. ``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။

ဗျာ​ဒိတ် 3