ဗျာ​ဒိတ် 3:1-5 Common Language Bible (BCL)

1. ``သာ​ဒိ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​ဝိညာဉ် ခု​နစ်​ပါး​နှင့်​ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ​ထံ မှ​ဖြစ်​၏။ သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​သက်​ရှင်​လှုပ်​ရှား​လျက်​နေ​သည် ဟု​ကျော်​ကြား​သော်​လည်း​သေ​လျက်​နေ​၏။-

2. သို့​ဖြစ်​၍​နိုး​ထ​လော့။ သင်​၏​ကျန်​ရှိ​နေ​သေး သည့်​အ​သက်​မ​ချုပ်​ငြိမ်း​မီ​အင်​အား​ဖြည့် တင်း​၍​ပေး​လော့။ သင်​၏​အ​ပြု​အ​မူ​သည် ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ပြစ်​ဆို စ​ရာ​ရှိ​သေး​သည်​ကို​ငါ​တွေ့​မြင်​ရ​သည်။-

3. ထို့​ကြောင့်​သင်​သည်​ကြား​နာ​ခံ​ယူ​ခဲ့​သည့် တ​ရား​ကို​အောက်​မေ့​သ​တိ​ရ​လျက်​လိုက် လျှောက်​ကျင့်​သုံး​လော့။ နောင်​တ​ရ​လော့။ သင် သည်​မ​နိုး​မ​ထ​ပါ​မူ​သူ​ခိုး​လာ​သ​ကဲ့​သို့ သင့်​ထံ​သို့​ငါ​လာ​မည်။ ငါ​လာ​မည့်​အ​ချိန် ကို​သင်​သိ​ရ​လိမ့်​မည်​မ​ဟုတ်။-

4. သို့​ရာ​တွင်​သာ​ဒိ​မြို့​၌​မိ​မိ​တို့​အ​ဝတ်​ကို အ​ညစ်​အ​ကြေး​နှင့်​ကင်း​စင်​စေ​သူ​အ​နည်း ငယ်​ရှိ​၏။ ထို​သူ​တို့​သည်​ထိုက်​တန်​သူ​များ ဖြစ်​သ​ဖြင့်​ဝတ်​ဖြူ​စင်​ကြယ်​ကို​ဝတ်​၍​ငါ နှင့်​အ​တူ​သွား​လာ​ရ​ကြ​လိမ့်​မည်။-

5. အောင်​မြင်​သော​သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ် ကို​ဝတ်​ရ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​နာ​မည် ကို​အ​သက်​စာ​စောင်​မှ​ဖျက်​ပယ်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​ကြောင်း ငါ​၏​ခ​မည်း​တော်​နှင့်​ကိုယ်​တော်​၏​ကောင်း ကင်​တ​မန်​များ​ရှေ့​တွင်​ငါ​ထုတ်​ဖော်​ဝန်​ခံ မည်။

ဗျာ​ဒိတ် 3