10. ထိုနောက်ကောင်းကင်တမန်က``ဤအမှုအရာ အားလုံးဖြစ်ပျက်မည့်အချိန်သည်နီးကပ်လာ ပြီဖြစ်၍ ဤကျမ်းစောင်တွင်ဖော်ပြပါရှိသည့် ပရောဖက်စကားများကိုလျှို့ဝှက်၍မထား နှင့်။-
11. မတရားသောအမှုကိုပြုသောသူသည်ပြုမြဲ ပြုပါစေ။ ညစ်ညမ်းသူသည်ဆက်လက်၍ညစ်ညမ်း လျက်နေပါစေ။ ဖြောင့်မတ်သူသည်ဆက်လက်၍ ဖြောင့်မတ်ပါစေ။ မြင့်မြတ်သန့်ရှင်းသူသည်ဆက် လက်၍မြင့်မြတ်သန့်ရှင်းပါစေ'' ဟုငါ့အား ဆို၏။
12. သခင်ယေရှုက``နားထောင်လော့။ မကြာမီငါ ကြွလာမည်။ လူအသီးသီးတို့အား မိမိတို့၏ အကျင့်အလျောက်ပေးအပ်ရန်ဆုကိုငါယူ လာမည်။-
13. ငါသည်ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။
14. မိမိတို့အဝတ်ကိုသန့်ရှင်းဖြူစင်အောင်လျှော်ဖွတ် သူတို့သည်မင်္ဂလာရှိကြ၏။ သူတို့သည်အသက်ပင် ၏အသီးကိုစားသုံးနိုင်ခွင့်နှင့် မြို့တံခါးဖြင့်မြို့ တော်တွင်းသို့ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-
15. သို့ရာတွင်လူမဆန်သူများ၊ ပြုစားတတ်သူ များ၊ ကာမဂုဏ်လိုက်စားသူများ၊ လူသတ်သမား များ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ပြောဆို ၍ကျင့်ကြံသူများသည်မြို့ပြင်တွင်နေရကြ လိမ့်မည်။
16. ``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။
17. ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ရေငတ်သူသည်လာပါစေ။အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။
18. ဤကျမ်းစောင်ပါဗျာဒိတ်တော်များကိုကြားရ သူအပေါင်းတို့အား ငါယောဟန်သည်ကြပ်တည်း စွာသတိပေးလိုက်၏။ မည်သူမဆိုဤကျမ်းစောင် တွင် တစ်စုံတစ်ရာထပ်လောင်း၍ဖြည့်စွက်ပါက ထိုသူအပေါ်သို့ဘုရားသခင်သည် ဤကျမ်း စောင်၌ဖော်ပြသောဘေးဒဏ်များကိုသက် ရောက်စေတော်မူလိမ့်မည်။-
19. မည်သူမဆိုဤကျမ်းစောင်ပါပရောဖက် စကားများမှတစ်စုံတစ်ရာကိုနုတ်ပယ်ပါက ထိုသူထံမှဘုရားသခင်သည် ဤကျမ်းစောင်၌ ဖော်ပြသောအသက်ပင်၏အသီးကိုစားသုံးခွင့် နှင့် မြင့်မြတ်သန့်ရှင်းသောမြို့တော်သို့ဝင်စားခွင့် ကိုနုတ်ပယ်တော်မူလိမ့်မည်။
20. ဤအကြောင်းအရာများကိုသက်သေခံတော်မူ သောအရှင်က``မုချမကြာမီငါကြွလာမည်'' ဟုမိန့်တော်မူ၏။ ဤအတိုင်းပင်ဖြစ်ပါစေ သော။ သခင်ယေရှုကြွလာတော်မူပါ။
21. သခင်ယေရှု၏ကျေးဇူးတော်ကိုလူတိုင်း ခံစားရကြပါစေသော။ ဋ္ဌမ္မသစ်ကျမ်းတို့တွင်နောက်ဆုံးကျမ်းတည်း ဟူသောရှင်ယောဟန်စီရင်ရေးထားသောဗျာဒိတ် ကျမ်းပြီး၏။