ဗျာ​ဒိတ် 21:9-17 Common Language Bible (BCL)

9. ထို​နောက်​နောက်​ဆုံး​ဘေး​ဒဏ်​ခု​နစ်​ပါး​ဖြင့် ပြည့်​သော​ခွက်​ဖလား​ခု​နစ်​လုံး​ကို ကိုင်​ထား​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​အ​နက်​တစ်​ပါး သည်​ငါ့​ထံ​သို့​လာ​၍``လာ​ပါ။ သိုး​သူ​ငယ်​၏ ဇနီး​တည်း​ဟူ​သော​မင်္ဂလာ​ဆောင်​သ​တို့​သ​မီး ကို​သင့်​အား​ငါ​ပြ​မည်။'' ဟု​ဆို​၏။-

10. ဝိညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​လျက်၊ ကောင်း​ကင်​တ​မန်​သည်​ငါ့​ကို​အ​လွန်​မြင့် သော​တောင်​ထိပ်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​သက် ဆင်း​လာ​သည်​ကို​ပြ​၏။-

11. ထို​မြို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​ထွန်း​လင်း​၍​ကျောက်​သ​လင်း​သ​ဖွယ်​ကြည်​လင် သည့်​န​ဂါး​သွဲ့​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ အ​ရောင်​အ​ဝါ​တောက်​ပ​လျက်​နေ​၏။-

12. ထို​မြို့​တွင်​တံ​ခါး​ပေါက်​တစ်​ဆယ့်​နှစ်​ပေါက်​နှင့် မြင့်​မား​သော​မြို့​ရိုး​ကြီး​ရှိ​၏။ ထို​တံ​ခါး​ပေါက် တို့​တွင်​ကောင်း​ကင်​တ​မန်​တစ်​ဆယ့်​နှစ်​ပါး​စောင့် ၍​ဣသ​ရေ​လ​အ​မျိုး​တစ်​ဆယ့်​နှစ်​ပါး​တို့​၏ နာ​မည်​များ​ကို​တံ​ခါး​များ​ပေါ်​၌​ရေး​ထား လျက်​ရှိ​၏။-

13. အ​ရှေ့​ဘက်​တွင်​တံ​ခါး​ပေါက်​သုံး​ပေါက်၊ မြောက် ဘက်​တွင်​သုံး​ပေါက်၊ တောင်​ဘက်​တွင်​သုံး​ပေါက်၊ အ​နောက်​ဘက်​တွင်​သုံး​ပေါက်​ရှိ​၏။-

14. မြို့​ရိုး​တွင်​အုတ်​မြစ်​ကျောက်​တစ်​ဆယ့်​နှစ်​ခု​ရှိ​၏။ ထို​ကျောက်​များ​အ​ပေါ်​တွင်​သိုး​သူ​ငယ်​တော်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​နာ​မည်​များ ကို​ရေး​ထား​လျက်​ရှိ​၏။-

15. ငါ​နှင့်​စ​ကား​ပြော​သော​ကောင်း​ကင်​တ​မန်​၏​လက် တွင်​မြို့​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး​များ​ကို​လည်း ကောင်း၊ မြို့​ရိုး​ကို​လည်း​ကောင်း​တိုင်း​ထွာ​ရန်​ရွှေ ကူ​လုံး​ရှိ​၏။-

16. ထို​မြို့​သည်​အ​နား​လေး​ဘက်​ညီ​သော​ထောင့်​မှန် စ​တု​ဂံ​ပုံ​ရှိ​၍​အ​လျား​နှင့်​အ​နံ​တူ​ညီ​၏။ ကောင်း ကင်​တ​မန်​သည်​ကူ​လုံး​ဖြင့်​မြို့​ကို​တိုင်း​ထွာ​ရာ အ​လျား၊ အ​နံ၊ အ​မြင့်​မှာ​မိုင်​တစ်​ထောင့်​ငါး ရာ​စီ​ရှိ​ကြောင်း​တွေ့​ရ​၏။-

17. ထို​နောက်​မြို့​ရိုး​ကို​တိုင်း​ရာ​ကောင်း​ကင်​တ​မန် အ​သုံး​ပြု​သည့်​လူ​တို့​၏​အ​တိုင်း​အ​ထွာ​အ​ရ၊ အ​မြင့်​နှစ်​ရာ​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-

ဗျာ​ဒိတ် 21