23. ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။-
24. လူမျိုးတကာတို့သည်ထိုမြို့၏အလင်းရောင်ကို အမှီပြု၍သွားလာကြလိမ့်မည်။ ကမ္ဘာပေါ်ရှိရှင် ဘုရင်တို့သည်လည်းမိမိတို့၏စည်းစိမ်ဥစ္စာများ ကိုထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။-
25. မြို့တံခါးတို့ကိုတစ်နေ့လုံးဖွင့်ထားလိမ့်မည်။ ထို မြို့၌ညအချိန်မရှိသဖြင့်မြို့တံခါးတို့ကို အဘယ်အခါ၌မျှပိတ်ထားလိမ့်မည်မဟုတ်။-
26. လူမျိုးတကာတို့သည်မိမိတို့၏ဘုန်းအသရေ နှင့်စည်းစိမ်ဥစ္စာများကိုထိုမြို့သို့ယူဆောင်လာ ကြလိမ့်မည်။-
27. သို့ရာတွင်အဘယ်ညစ်ညမ်းသည့်အရာမျှထို မြို့တွင်းသို့ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာ ဖွယ်သောအမှုကိုပြုသူ၊ လိမ်လည်ပြောဆိုသူ မှန်သမျှသည်လည်းဝင်ခွင့်ရလိမ့်မည်မဟုတ်။ သိုးသူငယ်တော်၏အသက်စာစောင်စာရင်း တွင်ပါသူများသာလျှင်ဝင်ရကြလိမ့်မည်။