22. ထိုမြို့တော်ထဲတွင်ဗိမာန်တော်ကိုငါမတွေ့ရ။ အဘယ်ကြောင့်ဆိုသော်ထိုမြို့၏ဗိမာန်တော်သည် အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင် နှင့်သိုးသူငယ်တို့ဖြစ်သောကြောင့်တည်း။-
23. ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။-
24. လူမျိုးတကာတို့သည်ထိုမြို့၏အလင်းရောင်ကို အမှီပြု၍သွားလာကြလိမ့်မည်။ ကမ္ဘာပေါ်ရှိရှင် ဘုရင်တို့သည်လည်းမိမိတို့၏စည်းစိမ်ဥစ္စာများ ကိုထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။-
25. မြို့တံခါးတို့ကိုတစ်နေ့လုံးဖွင့်ထားလိမ့်မည်။ ထို မြို့၌ညအချိန်မရှိသဖြင့်မြို့တံခါးတို့ကို အဘယ်အခါ၌မျှပိတ်ထားလိမ့်မည်မဟုတ်။-