19. မြို့ရိုးအုတ်မြစ်များကိုကျောက်မျက်ရတနာ အမျိုးမျိုးတို့ဖြင့်ခြယ်လှယ်ထား၏။ ပထမအုတ် မြစ်မှာနဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာမဟူရာ၊ စတုတ္ထ အုတ်မြစ်မှာမြ၊-
20. ပဉ္စမအုတ်မြစ်မှာကြောင်၊ ဆဋ္ဌမအုတ်မြစ်မှာပတ္တမြား၊ သတ္တမအုတ်မြစ်မှာဂေါဒန်ကျောက်၊ အဋ္ဌမအုတ်မြစ် မှာမျက်ရွဲ၊ နဝမအုတ်မြစ်မှာဥဿဖရား၊ ဒသမ အုတ်မြစ်မှာမဟူရာစိမ်း၊ ဧကဒသမအုတ်မြစ် မှာစိမ်းပြာကျောက်၊ ဒွါဒသမအုတ်မြစ်မှာဂေါ် မုတ်ဖြစ်သတည်း။-
21. မြို့တံခါးတစ်ခုလျှင်ပုလဲတစ်လုံးဖြင့်ပြုလုပ် ထားသဖြင့် မြို့တံခါးတစ်ဆယ့်နှစ်ခုတို့သည်ပုလဲ တစ်ဆယ့်နှစ်လုံးဖြစ်ကြ၏။ မြို့၏လမ်းတို့ကိုလည်း ကြည်လင်သည့်ဖန်ကဲ့သို့ရွှေစင်ဖြင့်ပြုလုပ်ထား လေသည်။
22. ထိုမြို့တော်ထဲတွင်ဗိမာန်တော်ကိုငါမတွေ့ရ။ အဘယ်ကြောင့်ဆိုသော်ထိုမြို့၏ဗိမာန်တော်သည် အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင် နှင့်သိုးသူငယ်တို့ဖြစ်သောကြောင့်တည်း။-
23. ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။-
24. လူမျိုးတကာတို့သည်ထိုမြို့၏အလင်းရောင်ကို အမှီပြု၍သွားလာကြလိမ့်မည်။ ကမ္ဘာပေါ်ရှိရှင် ဘုရင်တို့သည်လည်းမိမိတို့၏စည်းစိမ်ဥစ္စာများ ကိုထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။-
25. မြို့တံခါးတို့ကိုတစ်နေ့လုံးဖွင့်ထားလိမ့်မည်။ ထို မြို့၌ညအချိန်မရှိသဖြင့်မြို့တံခါးတို့ကို အဘယ်အခါ၌မျှပိတ်ထားလိမ့်မည်မဟုတ်။-