12. သေလွန်သူအကြီးအငယ်တို့သည်ပလ္လင် တော်ရှေ့၌ရပ်လျက်နေကြသည်ကိုလည်း ကောင်း၊ စာစောင်များကိုဖွင့်သည်ကိုလည်း ကောင်းငါမြင်ရ၏။ ထိုနောက်အသက်စာ စောင်တည်းဟူသောအခြားစာစောင်ကို ဖွင့်လိုက်၏။ သေလွန်သူတို့သည်ထိုစာ စောင်များတွင်မှတ်တမ်းတင်ထားသည့် မိမိတို့အကျင့်များနှင့်အညီတရား စီရင်ခြင်းကိုခံရကြ၏။-
13. သမုဒ္ဒရာသည်မိမိ၌ရှိသောသေသူတို့ကို ပေးအပ်ကြ၏။ သေမင်းနှင့်မရဏာနိုင်ငံ သည်လည်း မိမိတို့၌ရှိသောသေသူတို့ကို ပေးအပ်ကြ၏။ လူအပေါင်းတို့သည် မိမိတို့ အကျင့်အလျောက်တရားစီရင်ခြင်းကို ခံရကြ၏။-
14. ထိုနောက်သေမင်းနှင့်မရဏာနိုင်ငံသည် မီး အိုင်ထဲသို့ပစ်ချခြင်းကိုခံရကြ၏။-
15. (ထိုမီးအိုင်ကားဒုတိယသေခြင်းတည်း။) အသက် စာစောင်တွင်စာရင်းမဝင်သူရှိသမျှတို့သည် မီးအိုင်ထဲသို့ပစ်ချခြင်းကိုခံရကြ၏။