20. သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-
21. နောင်တရရန်သူ့အားငါအချိန်ပေးခဲ့၏။ သို့ရာတွင်သူသည်မိမိအကျင့်ပျက်မှု အတွက်နောင်တရလိုစိတ်မရှိ။-
22. သို့ဖြစ်၍ငါသည်သူ့အားအိပ်ရာပေါ်တွင်လဲ ကျစေ၍ ဒုက္ခဝေဒနာခံစေမည်။ သူနှင့်ကာမ ရာဂစပ်ယှက်သူတို့အားလည်းပြင်းထန်စွာ ဒုက္ခဝေဒနာခံစေမည်။ သူတို့သည်ထိုအမျိုး သမီးနှင့်ပြုသည့်ဆိုးညစ်မှုများအတွက် နောင်တမရကြပါမူ ငါသည်ယခုပင်သူ တို့အားဒုက္ခဝေဒနာခံစေမည်။-
23. သူ၏နောက်လိုက်တို့သည်အသတ်ခံကြရ လိမ့်မည်။ ထိုအခါ၌ငါသည်လူတို့၏စိတ် နှလုံးနှင့်အကြံအစည်တို့ကိုသိမြင် တော်မူသောအရှင်ဖြစ်ကြောင်း အသင်းတော် အပေါင်းတို့သိရှိကြလိမ့်မည်။ သင်တို့ အသီးသီး၏အကျင့်အလျောက်အကျိုး အပြစ်ကိုငါပေးမည်။