ဗျာ​ဒိတ် 2:1-5 Common Language Bible (BCL)

1. ``ဧ​ဖက်​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့ ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လိုက်​လော့။ ဤ​သြ​ဝါ​ဒ​သည်​ကြယ်​ခု​နစ်​လုံး​ကို​လက်ယာ လက်​တွင်​ကိုင်​ကာ ရွှေ​မီး​ခွက်​ခု​နစ်​ခု​အ​ကြား တွင်​သွား​လာ​နေ​သူ​၏​ထံ​မှ​ဖြစ်​၏။-

2. သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​မည်​မျှ ကြိုး​ပမ်း​လုပ်​ဆောင်​သည်၊ မည်​မျှ​ရဲ​ရင့်​သည်၊ မည် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​ငါ​သိ​၏။ သင်​သည်​ဆိုး ညစ်​သူ​တို့​ကို​သည်း​မ​ခံ​နိုင်​ကြောင်း၊ တ​မန် တော်​မ​ဟုတ်​ဘဲ​လျက် မိ​မိ​တို့​ကိုယ်​ကို​တ​မန် တော်​ဟု​ခေါ်​ဆို​ကြ​သူ​တို့​အား​စစ်​ဆေး​၍ လူ​လိမ်​များ​ဖြစ်​သည်​ကို​သိ​ရှိ​ကြောင်း​ငါ သိ​၏။-

3. သင်​သည်​ခံ​နိုင်​ရည်​ရှိ​ပေ​သည်။ ငါ​၏​အ​တွက် များ​စွာ​ဆင်း​ရဲ​ခံ​ပေ​သည်။ စိတ်​အား​လည်း မ​လျော့။-

4. သို့​သော်​သင်​သည်​အ​စ​က​ကဲ့​သို့​ယ​ခု​အ​ခါ ၌ ငါ့​ကို​မ​ချစ်​တော့​သ​ဖြင့်​သင့်​အား​အ​ပြစ် ဆို​စ​ရာ​ရှိ​၏။-

5. သို့​ဖြစ်​၍​သင်​သည်​အ​ဘယ်​မျှ​လောက်​ကျ​ဆင်း လာ​သည်​ကို​ဆင်​ခြင်​လော့။ နောင်​တ​ရ​၍​အ​စ က​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ သို့ မ​ပြု​ပါ​မူ​သင်​ရှိ​ရာ​သို့​ငါ​လာ​ခဲ့​မည်။ သင် နောင်​တ​မ​ရ​လျှင်​သင်​၏​မီး​ခွက်​ကို​နေ​ရာ​မှ ငါ​ဖယ်​ရှား​ပစ်​မည်။-

26-28. အောင်​မြင်​၍​ငါ​လို​လား​သည့်​အ​ကျင့်​ကို အ​ဆုံး​တိုင်​အောင် ကျင့်​သော​သူ​တို့​အား ခ​မည်း​တော်​ထံ​မှ​ငါ​ရ​ရှိ​သည့်​အ​ခွင့် အာ​ဏာ​ကို​ငါ​ပေး​မည်။ ယင်း​အ​ခွင့်​အာ​ဏာ မှာ​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​၍ မြေ​အိုး​များ​ကို​သံ​တုတ်​ဖြင့် အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ရိုက်​ခွဲ​သ​ကဲ့​သို့ သူ​တို့​အား​ချေ​မှုန်း​ပိုင်​ခွင့်​ဖြစ်​သည်။ မိုး သောက်​ကြယ်​ကို​လည်း​သူ​တို့​အား​ငါ ပေး​မည်။

ဗျာ​ဒိတ် 2