1. ထိုနောက်ကောင်းကင်ပရိသတ်ကြီးမှ ထွက် ပေါ်လာသောအသံနှင့်တူသည့်အသံကိုငါ ကြားရ၏။ ထိုသူတို့က``ဘုရားသခင်၏ဂုဏ် တော်ကိုချီးမွမ်းကြလော့။ ငါတို့ဘုရားသခင် သည်ကယ်တင်တော်မူသောအရှင်၊ ဘုန်းအသ ရေတော်၊ တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပါ၏။-
2. ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-
3. တစ်ဖန်ထိုသူတို့၏``ဘုရားသခင်၏ဂုဏ်တော် ကိုချီးမွမ်းကြလော့'' ထိုမြို့မှမီးခိုးတို့သည် ထာဝစဉ်လွင့်တက်လျက်ရှိ၏'' ဟုကြွေးကြော် ကြပြန်၏။-
4. ထိုအခါအကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သက် ရှိသတ္တဝါလေးပါးတို့က``အာမင်၊ ဘုရားသခင် ၏ဂုဏ်တော်ကိုချီးမွမ်းကြလော့'' ဟုဆိုကာပလ္လင် တော်ပေါ်တွင် စံနေတော်မူသောဘုရားသခင် အားပျပ်ဝပ်ရှိခိုးကြ၏။
5. ``ဘုရားသခင်၏အစေခံအပေါင်းတို့၊ ကိုယ်တော် ကိုကြောက်ရွံ့ရိုသေသူအကြီးအငယ်အပေါင်း တို့၊ ငါတို့ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့'' ဟုပလ္လင်တော်မှအသံထွက်ပေါ်လာ၏။-
6. ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။-
7. သိုးသူငယ်တော်၏ထိမ်းမြားမင်္ဂလာပွဲအခါ ကျရောက်ပြီဖြစ်၍ငါတို့သည်ရွှင်လန်းဝမ်း မြောက်လျက် ဘုန်းအသရေတော်ကိုချီးမွမ်း ကြကုန်အံ့။ ကိုယ်တော်၏မင်္ဂလာဆောင်သတို့ သမီးသည်မိမိကိုယ်ကိုအသင့်ပြင်ဆင် ထားလေပြီ။-
8. သူသည်ဝတ်ဆင်ရန်တောက်ပဖြူစင်သောပိတ် ချောထည်ကိုရရှိထားပြီ'' ဟုဆို၏။ (ထိုပိတ် ချောထည်ကားဘုရားသခင်လူစုဝင်တို့၏ မွန်မြတ်သည့်အကျင့်များကိုဆိုလိုသတည်း။)
9. ထိုနောက်ကောင်းကင်တမန်က``သိုးသူငယ်တော် ၏ထိမ်းမြားမင်္ဂလာပွဲသို့ဖိတ်ခေါ်ခြင်းခံရသူ တို့သည်မင်္ဂလာရှိကြ၏ဟုရေးမှတ်ထားလော့'' ဟူ၍လည်းကောင်း``ဤစကားသည်ဘုရားသခင် ၏နှုတ်တော်ထွက်စကားပင်ဖြစ်၏'' ဟူ၍လည်း ကောင်းငါ့အားမြွက်ဆို၏။
10. ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။
11. ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-
12. သူ၏မျက်လုံးတော်တို့သည်မီးလျှံကဲ့သို့ တောက်ပ၏။ သူ၏ဦးခေါင်းတော်တွင်သရဖူ များကိုဆောင်းထား၏။ မိမိမှတစ်ပါး အခြားမည်သူမျှမသိသည့်အမည်နာမ တော်ကိုသူ၏အပေါ်မှာရေးမှတ်ထား၏။-