16. ``ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပိတ်ချော၊ မရမ်း စေ့ရောင်ပိုးထည်၊ အနီရောင်အဝတ်အထည်၊ ရွှေ တန်ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲ တန်ဆာများကိုဝတ်ဆင်ထားသောမြို့ကြီးသည်၊-
17. မိမိ၌ရှိသမျှကိုတစ်နာရီအတွင်း၌ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေး မြည်တမ်းကြလိမ့်မည်။ခပ်သိမ်းသောရေယာဉ်မှူးများနှင့်ခရီးသည် အပေါင်းတို့သည်လည်းကောင်း၊ သင်္ဘောသားများ နှင့်ရေကြောင်းကုန်သွယ်မှုကိုပြုကြသူအပေါင်း တို့သည်လည်းကောင်းအဝေးကရပ်လျက်နေ ကြ၏။-
18. ထိုမြို့ကိုကျွမ်းလောင်စေသည့်မီးလျှံများမှ မီးခိုးများကိုမြင်သောအခါသူတို့က``အဘယ် အခါ၌မျှဤမြို့ကဲ့သို့ကြီးကျယ်ခမ်းနား သည့်မြို့မရှိခဲ့ဘူးပါ'' ဟုဟစ်အော်ကြ၏။-