ဗျာ​ဒိတ် 18:1-5 Common Language Bible (BCL)

1. ထို​နောက်​ကောင်း​ကင်​မှ​ဆင်း​သက်​လာ​သော အ​ခြား ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​ငါ​မြင်​ရ​၏။ သူ့ မှာ​ကြီး​မား​သည့်​အာ​ဏာ​စက်​ရှိ​၏။ သူ​၏​အ​ရောင် အ​ဝါ​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ဝန်း​လုံး​ကို​ထွန်း လင်း​တောက်​ပ​စေ​၏။-

2. သူ​သည်​အ​သံ​ကျယ်​စွာ​ဖြင့်``ဗာ​ဗု​လုန်​မြို့​ကြီး သည်​ပျက်​သုဉ်း​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကြီး​ပျက် သုဉ်း​လေ​ပြီ။ ယ​ခု​ထို​မြို့​သည်​နတ်​မိစ္ဆာ​များ နှင့်​ညစ်​ညမ်း​သော​နတ်​တို့​နေ​ထိုင်​ရာ၊ စက်​ဆုပ် ဖွယ်​ကောင်း​သည့်​ငှက်​ဆိုး​တို့​မှီ​ခို​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။-

3. အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​၏​ကာ​မ​ဂုဏ်​လိုက်​စား​မှု​တည်း​ဟူ​သော မူး​ယစ်​စေ​သည့်​စ​ပျစ်​ရည်​ကို​သောက်​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။ ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင်​အ ပေါင်း​တို့​သည်​ဗာ​ဗု​လုန်​မြို့​နှင့်​အ​တူ ကာ​မ ဂုဏ်​ကို​လိုက်​စား​ခဲ့​ကြ​လေ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ ကုန်​သည်​တို့​သည်​လည်း​ထို​မြို့​၏​တ​ရား​လွန် ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​မှု​ကို​အ​ကြောင်း ပြု​၍​ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​၏။

4. ထို​နောက်​ကောင်း​ကင်​ဘုံ​က​အ​ခြား​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​က၊``ထွက်​ခဲ့​ကြ​လော့။ ငါ​၏​လူ​စု​တော်​တို့၊ သူ့​ထံ​မှ​ထွက်​ခဲ့​ကြ​လော့။သူ​နှင့်​အ​တူ​အ​ပြစ်​မ​ကူး​ကြ​နှင့်။သူ​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​ကို​မ​ခံ​ကြ​နှင့်။

5. အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​အ​ပြစ်​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မြင့်​မား​၍သူ​၏​ဆိုး​ယုတ်​သော​အ​ပြု​အ​မူ​များ​ကိုဘု​ရား​သ​ခင်​သ​တိ​ရ​တော်​မူ​လေ​ပြီ ဖြစ်​သော​ကြောင့်​တည်း။

ဗျာ​ဒိတ် 18