ဗျာ​ဒိတ် 17:1-3 Common Language Bible (BCL)

1. ထို​နောက်​ဖ​လား​ခု​နစ်​လုံး​ကို​ကိုင်​ထား​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​အ​နက် တစ်​ပါး သည်​ငါ့​ထံ​သို့​လာ​၍``လာ​လော့။ မြစ်​များ​အ​နီး တွင်​တည်​ရှိ​သည့်​မြို့​ကြီး​တည်း​ဟူ​သော ပြည့်​တန် ဆာ​မ​ကြီး​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​ကို​သင့်​အား ငါ​ပြ​မည်။-

2. ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင်​များ​သည်​ထို​အ​မျိုး​သ​မီး နှင့်​ကာ​မ​ဂုဏ်​ခံ​စား​ခဲ့​ကြ​၏။ ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​သည်​လည်း​သူ​၏​ကာ​မ​ဂုဏ်​ခံ​စား​မှု​တည်း ဟူ​သော​စ​ပျစ်​ရည်​ဖြင့်​မူး​ယစ်​ခဲ့​ကြ​၏'' ဟု ဆို​၏။

3. ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ဝိညာဉ်​တော်​အား ဖြင့် ငါ့​အား​တော​ကန္တာ​ရ​သို့​ဆောင်​ယူ​သွား​၏။ ထို အ​ရပ်​တွင်​သား​ရဲ​နီ​ပေါ်​၌​ထိုင်​နေ​သော​အ​မျိုး သ​မီး​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။ သား​ရဲ​၏ ကိုယ်​တစ်​ကိုယ်​လုံး​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏ အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သည့်​အ​မည်​နာ​မ များ​ကို အ​နှံ့​အ​ပြား​ရေး​သား​ထား​၏။ သူ့ မှာ​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​၏။-

ဗျာ​ဒိတ် 17