5. ရေကိုစောင့်သည့်ကောင်းကင်တမန်က``ပစ္စုပ္ပန် အတိတ်ကာလတို့တွင်ရှိတော်မူ၍သန့်ရှင်း မြင့်မြတ်တော်မူသောအရှင်၊ ကိုယ်တော်စီရင် တော်မူချက်သည်ဖြောင့်မှန်ပါ၏။-
6. ထိုသူတို့သည်ဘုရားသခင်၏လူစုတော်နှင့် ပရောဖက်တို့၏သွေးကိုသွန်းခဲ့ကြသဖြင့် ကိုယ်တော်သည်သူတို့သောက်ရန်သွေးကိုပေး တော်မူလေပြီ။ ထိုသူတို့ခံထိုက်သောဒဏ်ကို ခံရကြပါ၏'' ဟုလျှောက်ထား၏။-
7. ထိုနောက်ယဇ်ပလ္လင်မှအသံက``အနန္တတန်ခိုးရှင် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင် တော်မူချက်တို့သည်မှန်ကန်၍တရားမျှတ ပါ၏'' ဟုလျှောက်ထားသည်ကိုငါကြားရ၏။
8. ထိုနောက်စတုတ္ထကောင်းကင်တမန်သည်မိမိ ၏ဖလားမှ အမျက်တော်ကိုနေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါနေသည်လူတို့အား အပူရှိန်ဖြင့် ကျွမ်းလောင်စေနိုင်ခွင့်ကိုရလေ၏။-
9. လူတို့သည်အားကြီးသောအပူရှိန်ဖြင့်ကျွမ်း လောင်ခြင်းခံရသဖြင့် ဘေးဒဏ်တို့ကိုအစိုးရ သောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲ ကြ၏။ သို့ရာတွင်သူတို့သည်နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုမချီးမွမ်း ကြ။
10. ထိုနောက်ပဉ္စမကောင်းကင်တမန်သည်မိမိ၏ ဖလားမှအမျက်တော်ကိုသားရဲ၏ပလ္လင်ပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏နိုင်ငံ သည်မှောင်အတိဖြစ်လေ၏။ ထိုနိုင်ငံသားတို့ သည်ဝေဒနာခံရသည်နှင့်မိမိတို့၏လျှာ ကိုကိုက်ခဲကြ၏။-
11. မိမိတို့၏ဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကိုကျိန်ဆဲကြ ၏။ မိမိတို့၏အပြစ်များအတွက်နောင်တမရ ကြ။
12. ထိုနောက်ဆဋ္ဌမကောင်းကင်တမန်သည်မိမိ၏ ဖလားမှ အမျက်တော်ကိုဥဖရတ်မြစ်ကြီးပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါမြစ်ရေသည် ခန်းခြောက်သွားသဖြင့် အရှေ့ပြည်မှလာသော ရှင်ဘုရင်တို့အတွက်လမ်းပွင့်သွား၏။-
13. ထိုနောက်ငါသည်ဖားနှင့်တူသည့်ညစ်ညမ်းသော နတ်သုံးပါးကိုတွေ့မြင်ရ၏။ သူတို့သည်နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်တို့၏ခံတွင်းအသီး သီးမှထွက်လာကြ၏။-
14. သူတို့သည်နိမိတ်လက္ခဏာများကိုပြနိုင်သော နတ်မိစ္ဆာများ၏ဝိညာဉ်များဖြစ်ကြ၏။ အနန္တ တန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲသို့ ဝင်ရန် ကမ္ဘာတစ်ဝန်းလုံးရှိရှင်ဘုရင်များအား စုရုံးခြင်းငှာသူတို့သည်ထွက်ခွာသွားကြ၏။
15. ``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။