4. ထိုနောက်တတိယကောင်းကင်တမန်သည် မိမိ၏ဖလားမှအမျက်တော်ကိုမြစ်များ၊ စမ်း ပေါက်များပေါ်သို့သွန်းလောင်းလိုက်၏။ ထိုအခါ ရေတို့သည်သွေးအတိဖြစ်လေ၏။-
5. ရေကိုစောင့်သည့်ကောင်းကင်တမန်က``ပစ္စုပ္ပန် အတိတ်ကာလတို့တွင်ရှိတော်မူ၍သန့်ရှင်း မြင့်မြတ်တော်မူသောအရှင်၊ ကိုယ်တော်စီရင် တော်မူချက်သည်ဖြောင့်မှန်ပါ၏။-
6. ထိုသူတို့သည်ဘုရားသခင်၏လူစုတော်နှင့် ပရောဖက်တို့၏သွေးကိုသွန်းခဲ့ကြသဖြင့် ကိုယ်တော်သည်သူတို့သောက်ရန်သွေးကိုပေး တော်မူလေပြီ။ ထိုသူတို့ခံထိုက်သောဒဏ်ကို ခံရကြပါ၏'' ဟုလျှောက်ထား၏။-
7. ထိုနောက်ယဇ်ပလ္လင်မှအသံက``အနန္တတန်ခိုးရှင် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင် တော်မူချက်တို့သည်မှန်ကန်၍တရားမျှတ ပါ၏'' ဟုလျှောက်ထားသည်ကိုငါကြားရ၏။
8. ထိုနောက်စတုတ္ထကောင်းကင်တမန်သည်မိမိ ၏ဖလားမှ အမျက်တော်ကိုနေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါနေသည်လူတို့အား အပူရှိန်ဖြင့် ကျွမ်းလောင်စေနိုင်ခွင့်ကိုရလေ၏။-
9. လူတို့သည်အားကြီးသောအပူရှိန်ဖြင့်ကျွမ်း လောင်ခြင်းခံရသဖြင့် ဘေးဒဏ်တို့ကိုအစိုးရ သောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲ ကြ၏။ သို့ရာတွင်သူတို့သည်နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုမချီးမွမ်း ကြ။
10. ထိုနောက်ပဉ္စမကောင်းကင်တမန်သည်မိမိ၏ ဖလားမှအမျက်တော်ကိုသားရဲ၏ပလ္လင်ပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏နိုင်ငံ သည်မှောင်အတိဖြစ်လေ၏။ ထိုနိုင်ငံသားတို့ သည်ဝေဒနာခံရသည်နှင့်မိမိတို့၏လျှာ ကိုကိုက်ခဲကြ၏။-
11. မိမိတို့၏ဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကိုကျိန်ဆဲကြ ၏။ မိမိတို့၏အပြစ်များအတွက်နောင်တမရ ကြ။