18. ထိုနောက်မီးကိုအစိုးရသောကောင်းကင်တမန် သည် ယဇ်ပလ္လင်တော်မှထွက်လာ၏။ သူသည်တံစဉ် ကိုကိုင်ထားသည့်ကောင်းကင်တမန်အား``သင်၏ တံစဉ်ကိုယူ၍ ကမ္ဘာမြေပေါ်ကစပျစ်သီးတို့ ကိုရိတ်သိမ်းလော့။ စပျစ်သီးများမှည့်လေပြီ'' ဟုအသံကျယ်စွာပြော၏။-
19. သို့ဖြစ်၍ထိုကောင်းကင်တမန်သည် မိမိတံစဉ် ကိုယူ၍ကမ္ဘာမြေပေါ်ကစပျစ်သီးများကို ရိတ်သိမ်းလေ၏။ ထိုနောက်စပျစ်သီးများကို ဘုရားသခင်၏အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းထဲသို့သွန်ချလိုက် ၏။-
20. စပျစ်သီးများကိုမြို့ပြင်တွင်နယ်၍စပျစ် သီးနယ်ရာကျင်းမှသွေးချောင်းစီးထွက်၍ လာ၏။ ထိုသွေးချောင်းသည်အလျားမိုင်နှစ်ရာ၊ အနက်ငါးပေခန့်ရှိသတည်း။