ဗျာ​ဒိတ် 13:8-18 Common Language Bible (BCL)

8. အ​သေ​သတ်​ခြင်း​ခံ​ရ​သည့်​သိုး​သူ​ငယ်​တော် ၏​အ​သက်​စာ​စောင်​တွင် ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မ​မူ​မီ​က​ပင် စာ​ရင်း​ဝင်​သူ​တို့​မှ တစ်​ပါး​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ထို​သား​ရဲ​အား​ရှိ​ခိုး​ကြ​လိမ့်​မည်။

9. ``ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ပါ​စေ။-

10. အ​ဖမ်း​ခံ​ရ​မည့်​သူ​သည်​အ​ဖမ်း​ခံ​ရ​မည် သာ​ဖြစ်​သည်။ ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည့်​သူ​သည် လည်း​ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည်​သာ​ဖြစ်​၏။ ဤ အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​သည်​တည်​ကြည်​သူ​များ၊ သစ္စာ​ရှိ​သူ များ​ဖြစ်​ရန်​လို​ပေ​သည်။

11. ထို​နောက်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​ငါ​မြင် ရ​၏။ သူ​သည်​မြေ​ကြီး​ထဲ​မှ​ထွက်​လာ​၏။ သူ့ မှာ​သိုး​ချို​နှင့်​တူ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​၏။ သူ​သည်​န​ဂါး​ကဲ့​သို့​စ​ကား​ပြော​၏။-

12. သူ​သည်​ပ​ထ​မ​သား​ရဲ​၏​အာ​ဏာ​ရှိ​သ​မျှ ကို​ထို​သား​ရဲ​၏​ရှေ့​တွင်​သုံး​စွဲ​၏။ သူ​သည် သေ​လောက်​သည့်​ဒဏ်​ရာ​ပျောက်​ကင်း​သွား​သည့် ပ​ထ​မ​သား​ရဲ​ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​ကိုး​ကွယ်​စေ​၏။-

13. ဒု​တိ​ယ​သား​ရဲ​သည်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​၏။ လူ​အ​ပေါင်း​တို့​မျက်​မှောက် ၌​ကောင်း​ကင်​မှ​ကမ္ဘာ​မြေ​ပေါ်​သို့​မီး​များ ကျ​လာ​စေ​၏။-

14. သူ​သည်​ပ​ထ​မ​သား​ရဲ​၏​ရှေ့​၌​ပြ​ပိုင်​ခွင့် ရှိ​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​၍ ကမ္ဘာ သူ​ကမ္ဘာ​သား​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ လေ​သည်။ ဋ္ဌား​ဒဏ်​ရာ​ကို​ရ​ရှိ​သော်​လည်း မ​သေ​ဘဲ​ရှင်​နေ​သူ​ထို​သား​ရဲ​အား ရို​သေ ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့်​သူ​၏​ရုပ်​တု​ကို​ပြု လုပ်​ရန်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​စေ​ခိုင်း ၏။-

15. ထို​ရုပ်​တု​သည်​စ​ကား​ပြော​နိုင်​ရန်​လည်း ကောင်း၊ မိ​မိ​အား​မ​ရှိ​ခိုး​သူ​အ​ပေါင်း​တို့ အား​သေ​စေ​နိုင်​ရန်​လည်း​ကောင်း ဒု​တိ​ယ သား​ရဲ​သည်​ထို​ရုပ်​တု​ကို​အ​သက်​သွင်း ပေး​ခွင့်​ကို​လည်း​ရ​၏။-

16. ထို​သား​ရဲ​သည်​ကြီး​မြတ်​သူ​နှင့်​သိမ်​ငယ်​သူ၊ ချမ်း​သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ကျွန်​နှင့်​ကျွန်​မ ဟုတ်​သူ​ရှိ​ရှိ​သ​မျှ​သော​လူ​တို့​အား​လက် ယာ​လက်​တွင်​ဖြစ်​စေ၊ န​ဖူး​တွင်​ဖြစ်​စေ​မိ​မိ ၏​အ​မှတ်​တံ​ဆိပ်​ရိုက်​နှိပ်​ထား​စေ​၏။-

17. ထို​အ​မှတ်​တံ​ဆိပ်​တည်း​ဟူ​သော​သား​ရဲ​၏ နာ​မည် သို့​မ​ဟုတ်​ကိုယ်​စား​ပြု​သည့်​ကိန်း ဂ​ဏန်း​ကို ရိုက်​နှိပ်​ထား​သူ​မှ​တစ်​ပါး​အ​ဘယ် သူ​မျှ​ကုန်​ရောင်း​ကုန်​ဝယ်​ခွင့်​မ​ရ။

18. ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​ဉာဏ်​ပညာ​ရှိ​ရန်​လို ပေ​သည်။ ဉာဏ်​ပ​ညာ​ရှိ​သူ​သည်​သား​ရဲ​၏ ကိန်း​ဂ​ဏန်း​အ​နက်​ကို​တွက်​ချက်​ကြည့်​နိုင် ၏။ ထို​ကိန်း​ဂ​ဏန်း​သည်​လူ​တစ်​ယောက်​၏ နာ​မည်​ကို​ကိုယ်​စား​ပြု​၏။ ထို​ကိန်း​ဂ​ဏန်း မှာ​ခြောက်​ရာ​ခြောက်​ဆယ့်​ခြောက်​ဖြစ် သ​တည်း။

ဗျာ​ဒိတ် 13