ဗျာ​ဒိတ် 13:4-16 Common Language Bible (BCL)

4. န​ဂါး​သည်​မိ​မိ​၏​အာ​ဏာ​ကို​သား​ရဲ​အား အပ်​နှင်း​ပေး​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​န​ဂါး ကို​ကိုး​ကွယ်​ကြ​၏။ လူ​တို့​က``ဤ​သား​ရဲ​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ သူ့​အား​အ​ဘယ် သူ​ဆိုင်​ပြိုင်​တိုက်​ခိုက်​နိုင်​ပါ​သ​နည်း'' ဟု​ဆို လျက်​သား​ရဲ​ကို​လည်း​ရှိ​ခိုး​ကြ​၏။

5. ထို​သား​ရဲ​သည်​ကြွား​ဝါ​၍​ဘု​ရား​သ​ခင်​အား ပြစ်​မှား​ပြော​ဆို​ခွင့်​ကို​လည်း​ကောင်း၊ လေး​ဆယ့် နှစ်​လ​ပတ်​လုံး​အုပ်​စိုး​ပိုင်​ခွင့်​ကို​လည်း​ကောင်း ရ​ရှိ​ထား​၏။-

6. သူ​သည်​ဘု​ရား​သ​ခင်​နှင့်​ကိုယ်​တော်​၏​နာ​မ တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်း​ဝပ်​တော် မူ​ရာ​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​တွင်​စံ​စား သူ​တို့​ကို​လည်း​ကောင်း​ပြစ်​မှား​ပြော​ဆို​ရန် မိ​မိ​၏​နှုတ်​ကို​ဖွင့်​လေ​၏။-

7. သူ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား​တိုက် ခိုက်​၍ အ​နိုင်​ရ​ခွင့်​နှင့်​တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ အ​မျိုး​အ​နွယ်​ခပ်​သိမ်း​အား အုပ်​စိုး​ပိုင်​ခွင့်​ကို လည်း​ရ​ရှိ​ပေ​သည်။-

8. အ​သေ​သတ်​ခြင်း​ခံ​ရ​သည့်​သိုး​သူ​ငယ်​တော် ၏​အ​သက်​စာ​စောင်​တွင် ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မ​မူ​မီ​က​ပင် စာ​ရင်း​ဝင်​သူ​တို့​မှ တစ်​ပါး​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ထို​သား​ရဲ​အား​ရှိ​ခိုး​ကြ​လိမ့်​မည်။

9. ``ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ပါ​စေ။-

10. အ​ဖမ်း​ခံ​ရ​မည့်​သူ​သည်​အ​ဖမ်း​ခံ​ရ​မည် သာ​ဖြစ်​သည်။ ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည့်​သူ​သည် လည်း​ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည်​သာ​ဖြစ်​၏။ ဤ အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​သည်​တည်​ကြည်​သူ​များ၊ သစ္စာ​ရှိ​သူ များ​ဖြစ်​ရန်​လို​ပေ​သည်။

11. ထို​နောက်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​ငါ​မြင် ရ​၏။ သူ​သည်​မြေ​ကြီး​ထဲ​မှ​ထွက်​လာ​၏။ သူ့ မှာ​သိုး​ချို​နှင့်​တူ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​၏။ သူ​သည်​န​ဂါး​ကဲ့​သို့​စ​ကား​ပြော​၏။-

12. သူ​သည်​ပ​ထ​မ​သား​ရဲ​၏​အာ​ဏာ​ရှိ​သ​မျှ ကို​ထို​သား​ရဲ​၏​ရှေ့​တွင်​သုံး​စွဲ​၏။ သူ​သည် သေ​လောက်​သည့်​ဒဏ်​ရာ​ပျောက်​ကင်း​သွား​သည့် ပ​ထ​မ​သား​ရဲ​ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​ကိုး​ကွယ်​စေ​၏။-

13. ဒု​တိ​ယ​သား​ရဲ​သည်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​၏။ လူ​အ​ပေါင်း​တို့​မျက်​မှောက် ၌​ကောင်း​ကင်​မှ​ကမ္ဘာ​မြေ​ပေါ်​သို့​မီး​များ ကျ​လာ​စေ​၏။-

14. သူ​သည်​ပ​ထ​မ​သား​ရဲ​၏​ရှေ့​၌​ပြ​ပိုင်​ခွင့် ရှိ​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​၍ ကမ္ဘာ သူ​ကမ္ဘာ​သား​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ လေ​သည်။ ဋ္ဌား​ဒဏ်​ရာ​ကို​ရ​ရှိ​သော်​လည်း မ​သေ​ဘဲ​ရှင်​နေ​သူ​ထို​သား​ရဲ​အား ရို​သေ ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့်​သူ​၏​ရုပ်​တု​ကို​ပြု လုပ်​ရန်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​စေ​ခိုင်း ၏။-

15. ထို​ရုပ်​တု​သည်​စ​ကား​ပြော​နိုင်​ရန်​လည်း ကောင်း၊ မိ​မိ​အား​မ​ရှိ​ခိုး​သူ​အ​ပေါင်း​တို့ အား​သေ​စေ​နိုင်​ရန်​လည်း​ကောင်း ဒု​တိ​ယ သား​ရဲ​သည်​ထို​ရုပ်​တု​ကို​အ​သက်​သွင်း ပေး​ခွင့်​ကို​လည်း​ရ​၏။-

16. ထို​သား​ရဲ​သည်​ကြီး​မြတ်​သူ​နှင့်​သိမ်​ငယ်​သူ၊ ချမ်း​သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ကျွန်​နှင့်​ကျွန်​မ ဟုတ်​သူ​ရှိ​ရှိ​သ​မျှ​သော​လူ​တို့​အား​လက် ယာ​လက်​တွင်​ဖြစ်​စေ၊ န​ဖူး​တွင်​ဖြစ်​စေ​မိ​မိ ၏​အ​မှတ်​တံ​ဆိပ်​ရိုက်​နှိပ်​ထား​စေ​၏။-

ဗျာ​ဒိတ် 13