ဗျာ​ဒိတ် 12:13-16 Common Language Bible (BCL)

13. မိ​မိ​သည်​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ​ခြင်း​ခံ​ရ သည်​ကို​န​ဂါး​သိ​သော​အ​ခါ သား​ယောကျာ်း လေး​ဖွား​မြင်​သူ​အ​မျိုး​သ​မီး​အား​လိုက် ၍​ဖမ်း​လေ​၏။-

14. အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​ရှိ​မိ​မိ​အရပ် သို့​ပျံ​သန်း​သွား​နိုင်​ရန် လင်း​ယုန်​ကြီး​၏​အ​တောင် နှစ်​ခု​ကို​ရ​ရှိ​ထား​သည်။ သူ​သည်​ထို​အ​ရပ်​တွင် သုံး​နှစ်​ခွဲ​တိုင်​တိုင် န​ဂါး​၏​ဘေး​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ မည်​ဖြစ်​၏။-

15. နဂါး​သည်​အ​မျိုး​သ​မီး​အား​ရေ​အ​ဟုန်​တွင် မျော​ပါ​သွား​စေ​ရန် မိ​မိ​၏​ခံ​တွင်း​မှ​ရေ​ကို မြစ်​သ​ဖွယ်​မှုတ်​ထုတ်​လိုက်​၏။-

16. သို့​ရာ​တွင်​မြေ​ကြီး​သည်​မိ​မိ​၏​ခံ​တွင်း​ကို ဖွင့်​၍ န​ဂါး​မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​ကာ​အ​မျိုး​သ​မီး​အား​ကယ်​ဆယ် လိုက်​သည်။-

ဗျာ​ဒိတ် 12