5. တစ်စုံတစ်ယောက်သောသူသည်ထိုသက်သေ ခံနှစ်ပါးအားအန္တရာယ်ပြုလျှင် သူတို့၏ခံ တွင်းမှမီးလျှံများထွက်၍ထိုသူ့ကိုကျွမ်း လောင်စေလေသည်။ သူတို့အားအန္တရာယ်ပြု ကြရန်ကြိုးစားသူမှန်သမျှပင် ဤနည်း အတိုင်းသေကြရမည်သာဖြစ်၏။-
6. ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။-
7. သို့ရာတွင်သူတို့ဟောပြောကြေညာသည့် အလုပ်ပြီးစီးသောအခါ၌ တွင်းနက်ကြီး ထဲမှသားရဲသည်တက်လာ၍သူတို့အား တိုက်ခိုက်အောင်မြင်သတ်ဖြတ်ပစ်လိမ့်မည်။-
8. သူတို့၏အလောင်းများသည်မြို့ကြီးများ ၏လမ်းပေါ်တွင်ကျန်ရစ်ကြလိမ့်မည်။ ထိုမြို့ ကားသူတို့၏အရှင်သခင်လက်ဝါးကပ်တိုင် တွင်တင်၍အသတ်ခံရာမြို့ဖြစ်၏။ ယင်းမြို့ သည် သောဒုံမြို့သို့မဟုတ်အီဂျစ်ပြည်ကို သရုပ်ဆောင်သောမြို့ဖြစ်သတည်း။-
9. တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကို ပြောကြသောလူမျိုးအနွယ် အပေါင်းတို့သည် သူတို့၏အလောင်းများကို သင်္ဂြိုဟ်ရန်ခွင့်မပြုဘဲ သုံးရက်ခွဲတိုင်အောင် ကြည့်နေကြလိမ့်မည်။-
10. ကမ္ဘာသူကမ္ဘာသားတို့သည်ပရောဖက်နှစ်ပါး သေသည့်အတွက် အားရဝမ်းမြောက်လျက် အချင်းချင်းလက်ဆောင်ပဏ္ဏာများပေးကာ အောင်ပွဲခံကြလိမ့်မည်။ အဘယ်ကြောင့်ဆို သော်ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာသူ ကမ္ဘာသားတို့အားများစွာဒုက္ခရောက်စေ ခဲ့ကြသောကြောင့်ဖြစ်၏။-
11. ထိုနောက်သုံးရက်ခွဲကြာသောအခါဘုရား သခင်၏ထံတော်မှအသက်ဝိညာဉ်သည် ထိုသူ တို့အထဲသို့ဝင်သဖြင့်သူတို့သည်ထ၍ မတ်တတ်ရပ်ကြ၏။ ဤအချင်းအရာကို တွေ့မြင်သူကမ္ဘာသူကမ္ဘာသားတို့သည် လည်းထိတ်လန့်ကြကုန်၏။-
12. ထိုနောက်ပရောဖက်နှစ်ပါးတို့သည်``ဤအရပ် သို့တက်ခဲ့လော့'' ဟုကောင်းကင်မှမိမိတို့ အားကျယ်စွာပြောသောအသံကိုကြားကြ ရ၏။ သူတို့သည်ရန်သူများစောင့်ကြည့်နေ စဉ် မိုးတိမ်တိုက်ကိုစီး၍ကောင်းကင်သို့တက် သွားကြ၏။-