ဗျာ​ဒိတ် 11:12-17 Common Language Bible (BCL)

12. ထို​နောက်​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်``ဤ​အ​ရပ် သို့​တက်​ခဲ့​လော့'' ဟု​ကောင်း​ကင်​မှ​မိ​မိ​တို့ အား​ကျယ်​စွာ​ပြော​သော​အ​သံ​ကို​ကြား​ကြ ရ​၏။ သူ​တို့​သည်​ရန်​သူ​များ​စောင့်​ကြည့်​နေ စဉ် မိုး​တိမ်​တိုက်​ကို​စီး​၍​ကောင်း​ကင်​သို့​တက် သွား​ကြ​၏။-

13. ထို​ခ​ဏ​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​သ​ဖြင့် မြို့​ကြီး​၏​ဆယ်​ပုံ​တစ်​ပုံ​ပျက်​စီး​၍​လူ​ပေါင်း ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ တို့​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ကုန်​၏။

14. ဒု​တိ​ယ​အ​မင်္ဂလာ​ကား​ကုန်​လွန်​သွား​လေ​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည်​မ​ကြာ​မီ​လာ လိမ့်​မည်။

15. ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။-

16. ထို​အ​ခါ​ဘု​ရား​သခင်​၏​ရှေ့​တော်​ရှိ​ပလ္လင်​ပေါ် ၌ ထိုင်​လျက်​နေ​သော​အ​ကြီး​အ​ကဲ​နှစ်​ဆယ့် လေး​ပါး​တို့​သည်​ဘု​ရား​သ​ခင်​အား​ပျပ် ဝပ်​ရှိ​ခိုး​လျက်၊

17. ``ပစ္စုပ္ပန်၊အ​တိတ်​ကာ​လ​တို့​၌​ရှိ​တော်​မူ​သော အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ကိုယ်​တော်​သည်​မိ​မိ​၏​မ​ဟာ​တန်​ခိုး​တော် ကို သုံး​တော်​မူ​လျက်လော​က​ကို​အုပ်​စိုး​တော်​မူ​ပြီ​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။

ဗျာ​ဒိတ် 11