6. ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူ၍မိုး၊ မြေ၊ ပင်လယ်မှစ၍အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၏နာမ တော်ကိုတိုင်တည်လျက်``နောက်ထပ်နှောင့်နှေး ကြန့်ကြာမှုရှိမည်မဟုတ်။ ဘုရားသခင် သည်မိမိ၏အစေခံပရောဖက်တို့အား ဗျာဒိတ်ပေးတော်မူခဲ့သည်နှင့်အညီ၊-
7. သတ္တမကောင်းကင်တမန်တံပိုးခရာမှုတ်သော အခါ၌ ကိုယ်တော်သည်မိမိ၏နက်နဲသော အကြံအစည်တော်တို့ကိုပြီးမြောက်စေ တော်မူမည်'' ဟုဆိုလေသည်။
8. ကောင်းကင်မှငါကြားရသည့်မိန့်မြွက်သံက ငါ့အား``သွားလော့။ ပင်လယ်နှင့်ကုန်းမြေပေါ် တွင်ရပ်လျက်နေသောကောင်းကင်တမန်လက် ၌ဖွင့်ထားသောစာစောင်ကိုယူလော့'' ဟုဆို ပြန်၏။
9. သို့ဖြစ်၍ငါသည်ထိုကောင်းကင်တမန်ထံ သို့သွားပြီးလျှင် စာစောင်ငယ်ကိုပေးရန် တောင်း၏။ ကောင်းကင်တမန်က``ဤစာစောင် ကိုယူ၍စားလော့။ သင်၏ဝမ်းကိုခါးစေ လိမ့်မည်။ သို့ရာတွင်သင်၏ခံတွင်း၌ပျား ရည်ကဲ့သို့ချိုလိမ့်မည်'' ဟုဆို၏။
10. ငါသည်ကောင်းကင်တမန်၏လက်မှစာစောင် ငယ်ကိုယူ၍စား၏။ ထိုစာစောင်သည်ငါ၏ ခံတွင်း၌ပျားရည်ကဲ့သို့ချို၏။ ဝမ်းတွင်း သို့ရောက်သောအခါ၌မူခါးလေသည်။-
11. ထိုနောက်ကောင်းကင်တမန်က``သင်သည် များစွာသောတိုင်းနိုင်ငံများ၊ ဘာသာစကား အမျိုးမျိုးပြောဆိုသောလူမျိုးများ၊ ရှင် ဘုရင်များ၏အကြောင်းနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ဗျာဒိတ်တော်ကိုနောက် တစ်ဖန်ဟောကြားရဦးမည်'' ဟုငါ့အား ဆို၏။