ဗျာ​ဒိတ် 10:3-11 Common Language Bible (BCL)

3. ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ကျယ်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​၏။ ယင်း​သို့​ကြွေး​ကြော်​လိုက်​သော အ​ခါ​မိုး​ကြိုး​သံ​ခု​နစ်​ချက်​မြည်​လေ​၏။-

4. ထို​အ​ချိန်​၌​မိုး​ကြိုး​သံ​တို့​က​မိန့်​မြွက်​သည့် စ​ကား​ကို ငါ​သည်​ရေး​မှတ်​မည်​ပြု​သော်``မ​ရေး မ​မှတ်​နှင့်။ မိုး​ကြိုး​သံ​ခု​နစ်​ချက်​မိန့်​မြွက်​သည့် စ​ကား​ကို​လျှို့​ဝှက်​ထား​လော့'' ဟု​ကောင်း​ကင် မှ​ထွက်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။

5. ထို​နောက်​ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ်​တွင်​ရပ်​နေ သော​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​လက်ယာ ကို​ကောင်း​ကင်​သို့​မြှောက်​ချီ​ကာ၊-

6. ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​၍​မိုး၊ မြေ၊ ပင်​လယ်​မှ​စ​၍​အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​လျက်``နောက်​ထပ်​နှောင့်​နှေး ကြန့်​ကြာ​မှု​ရှိ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ၊-

7. သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​၌ ကိုယ်​တော်​သည်​မိ​မိ​၏​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပြီး​မြောက်​စေ တော်​မူ​မည်'' ဟု​ဆို​လေ​သည်။

8. ကောင်း​ကင်​မှ​ငါ​ကြား​ရ​သည့်​မိန့်​မြွက်​သံ​က ငါ့​အား``သွား​လော့။ ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ် တွင်​ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​လက် ၌​ဖွင့်​ထား​သော​စာ​စောင်​ကို​ယူ​လော့'' ဟု​ဆို ပြန်​၏။

9. သို့​ဖြစ်​၍​ငါ​သည်​ထို​ကောင်း​ကင်​တ​မန်​ထံ သို့​သွား​ပြီး​လျှင် စာ​စောင်​ငယ်​ကို​ပေး​ရန် တောင်း​၏။ ကောင်း​ကင်​တ​မန်​က``ဤ​စာ​စောင် ကို​ယူ​၍​စား​လော့။ သင်​၏​ဝမ်း​ကို​ခါး​စေ လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​ခံ​တွင်း​၌​ပျား ရည်​ကဲ့​သို့​ချို​လိမ့်​မည်'' ဟု​ဆို​၏။

10. ငါ​သည်​ကောင်း​ကင်​တ​မန်​၏​လက်​မှ​စာ​စောင် ငယ်​ကို​ယူ​၍​စား​၏။ ထို​စာ​စောင်​သည်​ငါ​၏ ခံ​တွင်း​၌​ပျား​ရည်​ကဲ့​သို့​ချို​၏။ ဝမ်း​တွင်း သို့​ရောက်​သော​အ​ခါ​၌​မူ​ခါး​လေ​သည်။-

11. ထို​နောက်​ကောင်း​ကင်​တ​မန်​က``သင်​သည် များ​စွာ​သော​တိုင်း​နိုင်​ငံ​များ၊ ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​များ၊ ရှင် ဘု​ရင်​များ​၏​အ​ကြောင်း​နှင့်​စပ်​လျဉ်း​သည့် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​နောက် တစ်​ဖန်​ဟော​ကြား​ရ​ဦး​မည်'' ဟု​ငါ့​အား ဆို​၏။

ဗျာ​ဒိတ် 10