ဗျာ​ဒိတ် 10:2-6 Common Language Bible (BCL)

2. သူ​သည်​ဖွင့်​ထား​သော​စာ​စောင်​ငယ်​ကို​ကိုင် ထား​၏။ လက်ယာ​ခြေ​ဖြင့်​ပင်​လယ်​ပေါ်​၌​လည်း ကောင်း၊ လက်​ဝဲ​ခြေ​ဖြင့်​ကုန်း​မြေ​ပေါ်​၌​လည်း ကောင်း​ရပ်​လျက်၊-

3. ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ကျယ်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​၏။ ယင်း​သို့​ကြွေး​ကြော်​လိုက်​သော အ​ခါ​မိုး​ကြိုး​သံ​ခု​နစ်​ချက်​မြည်​လေ​၏။-

4. ထို​အ​ချိန်​၌​မိုး​ကြိုး​သံ​တို့​က​မိန့်​မြွက်​သည့် စ​ကား​ကို ငါ​သည်​ရေး​မှတ်​မည်​ပြု​သော်``မ​ရေး မ​မှတ်​နှင့်။ မိုး​ကြိုး​သံ​ခု​နစ်​ချက်​မိန့်​မြွက်​သည့် စ​ကား​ကို​လျှို့​ဝှက်​ထား​လော့'' ဟု​ကောင်း​ကင် မှ​ထွက်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။

5. ထို​နောက်​ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ်​တွင်​ရပ်​နေ သော​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​လက်ယာ ကို​ကောင်း​ကင်​သို့​မြှောက်​ချီ​ကာ၊-

6. ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​၍​မိုး၊ မြေ၊ ပင်​လယ်​မှ​စ​၍​အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​လျက်``နောက်​ထပ်​နှောင့်​နှေး ကြန့်​ကြာ​မှု​ရှိ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ၊-

ဗျာ​ဒိတ် 10