1. ထိုနောက်ကောင်းကင်မှခွန်အားကြီးမားသော ကောင်းကင်တမန်တစ်ပါးဆင်းသက်လာသည် ကိုငါမြင်ရ၏။ သူသည်မိုးတိမ်ကိုဝတ်ဆင် ၍သူ၏ဦးခေါင်းပတ်လည်တွင်သက်တန့်ရှိ၏။ သူ၏မျက်နှာသည်နေနှင့်တူ၏။ သူ၏ခြေ ထောက်တို့သည်မီးဖြင့်ပြီးသောတိုင်များ နှင့်တူ၏။-
2. သူသည်ဖွင့်ထားသောစာစောင်ငယ်ကိုကိုင် ထား၏။ လက်ယာခြေဖြင့်ပင်လယ်ပေါ်၌လည်း ကောင်း၊ လက်ဝဲခြေဖြင့်ကုန်းမြေပေါ်၌လည်း ကောင်းရပ်လျက်၊-
3. ခြင်္သေ့ဟောက်သကဲ့သို့ကျယ်သောအသံဖြင့် ကြွေးကြော်၏။ ယင်းသို့ကြွေးကြော်လိုက်သော အခါမိုးကြိုးသံခုနစ်ချက်မြည်လေ၏။-
4. ထိုအချိန်၌မိုးကြိုးသံတို့ကမိန့်မြွက်သည့် စကားကို ငါသည်ရေးမှတ်မည်ပြုသော်``မရေး မမှတ်နှင့်။ မိုးကြိုးသံခုနစ်ချက်မိန့်မြွက်သည့် စကားကိုလျှို့ဝှက်ထားလော့'' ဟုကောင်းကင် မှထွက်သောအသံကိုငါကြားရ၏။
5. ထိုနောက်ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေ သောကောင်းကင်တမန်သည် မိမိ၏လက်ယာ ကိုကောင်းကင်သို့မြှောက်ချီကာ၊-
6. ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူ၍မိုး၊ မြေ၊ ပင်လယ်မှစ၍အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၏နာမ တော်ကိုတိုင်တည်လျက်``နောက်ထပ်နှောင့်နှေး ကြန့်ကြာမှုရှိမည်မဟုတ်။ ဘုရားသခင် သည်မိမိ၏အစေခံပရောဖက်တို့အား ဗျာဒိတ်ပေးတော်မူခဲ့သည်နှင့်အညီ၊-