ဖိ​လေ​မုန် 1:7-16 Common Language Bible (BCL)

7. ငါ့​ညီ၊ သင်​၏​မေတ္တာ​သည်​ငါ့​အား​အ​လွန်​ဝမ်း မြောက်​စေ​၍​များ​စွာ​အား​တက်​စေ​၏။ သင်​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ အား​စိတ်​ရွှင်​လန်း​စေ​လေ​ပြီ။

10. ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​၌​ခ​ရစ် တော်​၌ ငါ​၏​သား​ဖြစ်​လာ​သူ​သြ​နေ​သိမ်​အ​တွက် မေတ္တာ​ရပ်​ခံ​ပါ​၏။-

11. သူ​သည်​ယ​ခင်​က​သင့်​အ​တွက်​အ​သုံး​မ​ဝင်​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သင်​၏​အ​တွက်​နှင့်​ငါ​၏ အ​တွက်​ပါ​အ​သုံး​ဝင်​လာ​လေ​ပြီ။-

12. ငါ​သည်​ငါ​၏​ရင်​သွေး​ကို​သင်​၏​ထံ​သို့​ပြန်​၍ စေ​လွှတ်​လိုက်​ပါ​၏။-

13. ငါ​သည်​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ မှု​ကြောင့် အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​တွင် သင်​၏​ကိုယ်​စား​ငါ့​အား​ကူ​ညီ​စေ​ရန်​သူ့​ကို ခေါ်​ထား​လို​ပါ​သည်။-

14. သို့​ရာ​တွင်​သင်​၏​သ​ဘော​တူ​ညီ​ချက်​မ​ရ​ရှိ ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​ငါ​မ​ပြု​လို​ပါ။ ငါ့​ကို ကူ​ညီ​မ​စ​စေ​ရန်​သင့်​အား​အ​နိုင်​အ​ထက် မ​ပြု​လို​ပါ။ သင်​၏​စေ​တ​နာ​အ​လျောက်​သာ လျှင်​မ​စ​စေ​လို​ပါ​၏။

15. သြ​နေ​သိမ်​သည်​သင်​နှင့်​အ​စဉ်​ပြန်​လည်​နေ​ထိုင် နိုင်​ရန် သင်​နှင့်​ခေတ္တ​မျှ​ခွဲ​ခွာ​ရ​ခြင်း​ဖြစ်​တန်​ရာ​၏။-

16. ယ​ခု​အ​ခါ​သူ​သည်​ကျွန်​မျှ​သာ​မ​ဟုတ်​တော့​ဘဲ ခ​ရစ်​တော်​၌​ချစ်​သော​ညီ​အစ်​ကို​ဖြစ်​လာ​ပေ​ပြီ။ သူ​သည်​ငါ​၏​အ​တွက်​အ​လွန်​တန်​ဖိုး​ရှိ​ပေ​သည်။ သို့​ရာ​တွင်​သင်​၏​အ​တွက်​ကျွန်​အ​နေ​နှင့်​လည်း ကောင်း၊ သ​ခင်​ဘု​ရား​၌​ညီ​အစ်​ကို​အ​နေ​နှင့် လည်း​ကောင်း​များ​စွာ​ပို​၍​ပင်​တန်​ဖိုး​ရှိ​မည်။

ဖိ​လေ​မုန် 1