ဖိ​လေ​မုန် 1:11-20 Common Language Bible (BCL)

11. သူ​သည်​ယ​ခင်​က​သင့်​အ​တွက်​အ​သုံး​မ​ဝင်​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သင်​၏​အ​တွက်​နှင့်​ငါ​၏ အ​တွက်​ပါ​အ​သုံး​ဝင်​လာ​လေ​ပြီ။-

12. ငါ​သည်​ငါ​၏​ရင်​သွေး​ကို​သင်​၏​ထံ​သို့​ပြန်​၍ စေ​လွှတ်​လိုက်​ပါ​၏။-

13. ငါ​သည်​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ မှု​ကြောင့် အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​တွင် သင်​၏​ကိုယ်​စား​ငါ့​အား​ကူ​ညီ​စေ​ရန်​သူ့​ကို ခေါ်​ထား​လို​ပါ​သည်။-

14. သို့​ရာ​တွင်​သင်​၏​သ​ဘော​တူ​ညီ​ချက်​မ​ရ​ရှိ ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​ငါ​မ​ပြု​လို​ပါ။ ငါ့​ကို ကူ​ညီ​မ​စ​စေ​ရန်​သင့်​အား​အ​နိုင်​အ​ထက် မ​ပြု​လို​ပါ။ သင်​၏​စေ​တ​နာ​အ​လျောက်​သာ လျှင်​မ​စ​စေ​လို​ပါ​၏။

15. သြ​နေ​သိမ်​သည်​သင်​နှင့်​အ​စဉ်​ပြန်​လည်​နေ​ထိုင် နိုင်​ရန် သင်​နှင့်​ခေတ္တ​မျှ​ခွဲ​ခွာ​ရ​ခြင်း​ဖြစ်​တန်​ရာ​၏။-

16. ယ​ခု​အ​ခါ​သူ​သည်​ကျွန်​မျှ​သာ​မ​ဟုတ်​တော့​ဘဲ ခ​ရစ်​တော်​၌​ချစ်​သော​ညီ​အစ်​ကို​ဖြစ်​လာ​ပေ​ပြီ။ သူ​သည်​ငါ​၏​အ​တွက်​အ​လွန်​တန်​ဖိုး​ရှိ​ပေ​သည်။ သို့​ရာ​တွင်​သင်​၏​အ​တွက်​ကျွန်​အ​နေ​နှင့်​လည်း ကောင်း၊ သ​ခင်​ဘု​ရား​၌​ညီ​အစ်​ကို​အ​နေ​နှင့် လည်း​ကောင်း​များ​စွာ​ပို​၍​ပင်​တန်​ဖိုး​ရှိ​မည်။

17. သို့​ဖြစ်​၍​သင်​သည်​ငါ့​အား​မိ​မိ​၏​လုပ်​ဖော် ဆောင်​ဘက်​အ​နေ​ဖြင့် ကြို​ဆို​လက်​ခံ​သ​ကဲ့ သို့​သူ့​အား​ကြို​ဆို​လက်​ခံ​ပါ​လော့။-

18. အ​ကယ်​၍​သူ​သည်​သင့်​အား​တစ်​စုံ​တစ်​ရာ ပြစ်​မှား​မိ​ခဲ့​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ရာ ပေး​ဆပ်​စ​ရာ​ရှိ​ခဲ့​သော်​လည်း​ကောင်း ငါ တာ​ဝန်​ယူ​ပါ​မည်။-

19. ``ငါ​ပေါ​လု​သည်​ထို​အ​ကြွေး​ကို ပေး​ဆပ်​ပါ မည်'' ဟူ​၍ ငါ​ကိုယ်​တိုင်​လက်​မှတ်​ရေး​ထိုး​ပါ​၏။ (သင့်​ကိုယ်​တိုင်​ပင်​လျှင် သင်​၏​ဘ​ဝ​သစ်​အ​တွက် ငါ့​အား​ပေး​ဆပ်​စ​ရာ​ရှိ​ကြောင်း ဖော်​ပြ​ရန် မ​လို​ပါ။-)

20. သို့​ဖြစ်​၍​ငါ့​ညီ၊ သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော် ကို​ထောက်​၍​ငါ့​အား​ကျေး​ဇူး​ပြု​ပါ​လော့။ ခ​ရစ် တော်​၌​ညီ​အစ်​ကို​အ​နေ​ဖြင့်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​ပါ​လော့။

ဖိ​လေ​မုန် 1