ဖိ​လေ​မုန် 1:1-15 Common Language Bible (BCL)

1. ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ထမ်း​ရွက် သည့်​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ ပေါ​လု​နှင့်​ငါ​တို့​၏​ညီ​တိ​မော​သေ​ထံ​မှ ငါ တို့​ချစ်​သော​လုပ်​ဖော်​ဆောင်​ဘက်​ဖိ​လေ​မုန်​ထံ သို့​လည်း​ကောင်း၊-

2. ငါ​တို့​နှ​မ​အပ္ပိ၊ ငါ​တို့​၏​ရဲ​ဘော်​စစ်​သည်​တော် အာ​ခိပ္ပု​နှင့် သင်​၏​အိမ်​တွင်​စု​ဝေး​သည့်​အ​သင်း တော်​ဝင်​တို့​ထံ​သို့​လည်း​ကောင်း​စာ​ရေး​လိုက် ပါ​သည်။

3. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ထံ​တော်​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို သင်​တို့​အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ သော။

6. ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော​သင်​နှင့်​ငါ​တို့ သည် အ​ချင်း​ချင်း​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​အား ဖြင့် ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ငါ​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂလာ​အ​ပေါင်း ကို​ပို​မို​နက်​နဲ​စွာ​သိ​ရှိ​နား​လည်​နိုင်​ကြ​ရန် ငါ​ဆု​တောင်း​၏။-

7. ငါ့​ညီ၊ သင်​၏​မေတ္တာ​သည်​ငါ့​အား​အ​လွန်​ဝမ်း မြောက်​စေ​၍​များ​စွာ​အား​တက်​စေ​၏။ သင်​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ အား​စိတ်​ရွှင်​လန်း​စေ​လေ​ပြီ။

10. ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​၌​ခ​ရစ် တော်​၌ ငါ​၏​သား​ဖြစ်​လာ​သူ​သြ​နေ​သိမ်​အ​တွက် မေတ္တာ​ရပ်​ခံ​ပါ​၏။-

11. သူ​သည်​ယ​ခင်​က​သင့်​အ​တွက်​အ​သုံး​မ​ဝင်​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သင်​၏​အ​တွက်​နှင့်​ငါ​၏ အ​တွက်​ပါ​အ​သုံး​ဝင်​လာ​လေ​ပြီ။-

12. ငါ​သည်​ငါ​၏​ရင်​သွေး​ကို​သင်​၏​ထံ​သို့​ပြန်​၍ စေ​လွှတ်​လိုက်​ပါ​၏။-

13. ငါ​သည်​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ မှု​ကြောင့် အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​တွင် သင်​၏​ကိုယ်​စား​ငါ့​အား​ကူ​ညီ​စေ​ရန်​သူ့​ကို ခေါ်​ထား​လို​ပါ​သည်။-

14. သို့​ရာ​တွင်​သင်​၏​သ​ဘော​တူ​ညီ​ချက်​မ​ရ​ရှိ ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​ငါ​မ​ပြု​လို​ပါ။ ငါ့​ကို ကူ​ညီ​မ​စ​စေ​ရန်​သင့်​အား​အ​နိုင်​အ​ထက် မ​ပြု​လို​ပါ။ သင်​၏​စေ​တ​နာ​အ​လျောက်​သာ လျှင်​မ​စ​စေ​လို​ပါ​၏။

15. သြ​နေ​သိမ်​သည်​သင်​နှင့်​အ​စဉ်​ပြန်​လည်​နေ​ထိုင် နိုင်​ရန် သင်​နှင့်​ခေတ္တ​မျှ​ခွဲ​ခွာ​ရ​ခြင်း​ဖြစ်​တန်​ရာ​၏။-

ဖိ​လေ​မုန် 1