1. ငါ့ညီအစ်ကိုတို့၊ သင်တို့အားငါအလွန်ချစ် ၍လွမ်းဆွတ်ပါသည်။ ငါသည်သင်တို့ကိုအကြောင်း ပြု၍လွန်စွာဝမ်းမြောက်၍ဂုဏ်ယူဝါကြွားပါ၏။ ချစ်သောညီအစ်ကိုတို့၊ ငါတို့ဆိုခဲ့သည့်အတိုင်း ကြံ့ခိုင်စွာရပ်တည်ကြလော့။
2. ဧဝေါဒိနှင့်သုန္တုတ်တို့၊ သခင်ဘုရား၏တပည့် တော်မများပီသစွာစိတ်သဘောညီညွတ်မှု ရှိကြရန်ငါတောင်းပန်ပါ၏။-
3. ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။
4. သင်တို့သည်သခင်ဘုရားနှင့် တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။
5. သင်တို့၏နူးညံ့သိမ်မွေ့သောစိတ်သဘောကို လူအပေါင်းတို့အားမြင်စေကြလော့။ သခင် ဘုရားကြွလာတော်မူချိန်နီးပေပြီ။-
6. အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။-
7. ထိုသို့ပြုလျှင်လူ့ဉာဏ်ဖြင့်ကြံဆနားလည် ရန်မစွမ်းနိုင်သောဘုရားသခင်၏ငြိမ်သက် ခြင်းသည် ခရစ်တော်ယေရှုနှင့်သင်တို့တစ် လုံးတစ်ဝတည်းဖြစ်သောအားဖြင့် သင်တို့ ၏စိတ်နှလုံးနှင့်အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်။