1. ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော်သခင်ဘုရား နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဝမ်းမြောက် ကြလော့။ ယခင်ကငါရေးသားဖော်ပြပြီး သောအကြောင်းအရာများကိုယခုထပ်မံ၍ ဖော်ပြရသည်မှာဝန်မလေးပါ။ သင်တို့ပို၍ လုံခြုံစေရန်ဖြစ်၏။-
2. ခွေးဖြစ်သူ၊ အကျင့်ဆိုးကိုကျင့်သောသူ၊ ကိုယ် ခန္ဓာကိုလှီးဖြတ်ရမည်ဟုဆိုသောသူများ ကိုသတိနှင့်ရှောင်ကြလော့။-
3. အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-