1. ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော်သခင်ဘုရား နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဝမ်းမြောက် ကြလော့။ ယခင်ကငါရေးသားဖော်ပြပြီး သောအကြောင်းအရာများကိုယခုထပ်မံ၍ ဖော်ပြရသည်မှာဝန်မလေးပါ။ သင်တို့ပို၍ လုံခြုံစေရန်ဖြစ်၏။-
2. ခွေးဖြစ်သူ၊ အကျင့်ဆိုးကိုကျင့်သောသူ၊ ကိုယ် ခန္ဓာကိုလှီးဖြတ်ရမည်ဟုဆိုသောသူများ ကိုသတိနှင့်ရှောင်ကြလော့။-
3. အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
4. ပြင်ပလက္ခဏာများကိုကိုးစားမှုလိုအပ်သည်ဟု ဆိုလျှင်ငါ့မှာရှိ၏။ ထိုပြင်ပလက္ခဏာများကို ကိုးစားနိုင်သူတစ်ဦးတစ်ယောက်ရှိသည်ဟုဆို ပါက ငါ့မှာထိုသူထက်ပို၍ကိုးစားနိုင်စရာ အကြောင်းရှိ၏။-
5. ငါသည်ရှစ်ရက်မြောက်သောနေ့၌အရေဖျား လှီးမင်္ဂလာကိုခံယူလျက်ဣသရေလလူမျိုး ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲအမျိုးသားမိဘများမှ ပေါက်ဖွားသူဖြစ်၏။ ပညတ်တရားစောင့်ထိန်းမှုနှင့် ပတ်သက်၍ဆိုသော်ငါသည်ဖာရိရှဲဂိုဏ်းဝင်ဖြစ်၏။-
6. ဘာသာရေးစိတ်အားထက်သန်မှုဘက်၌ဆိုသော် အသင်းတော်ကိုညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်၏။ ပညတ်တရားကိုလိုက်နာကျင့်သုံးမှုအရ ဆိုသော်ငါသည်အပြစ်ဆိုဖွယ်မရှိသူဖြစ်သည်။-
7. သို့ရာတွင်ထိုအရာများသည်ငါ့အတွက်အမြတ်ဟု မှတ်ယူနိုင်သော်လည်း ယခုအခါခရစ်တော်၏အတွက် ကြောင့်အရှုံးဟုမှတ်ယူ၏။-
10. ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။-
11. သို့မှသာငါကိုယ်တိုင်သေခြင်းမှရှင်ပြန်ထမြောက် ခွင့်ကိုရမည်ဟုမျှော်လင့်နိုင်ပေသည်။
12. ငါသည်အောင်မြင်မှုကိုရရှိပြီ၊ အြုပစ်ဆိုဖွယ်မရှိသူ ဖြစ်ပြီဟုမဆိုလို။ သို့ရာတွင်ထိုဆုကိုငါ့အားပေး ရန်အတွက်ခရစ်တော်ယေရှုသည်ငါ့ကိုဆွဲဆောင် ရရှိတော်မူပြီဖြစ်ရာငါသည်ထိုဆုကိုရရှိနိုင်ရန် ကြိုးစားလျက်နေ၏။-
13. ညီအစ်ကိုတို့၊ ငါသည်ထိုဆုကိုရရှိပြီဟုမထင်မှတ်။ ငါပြုသောတစ်ခုတည်းသောအရာကားငါသည်နောက်၌ ရှိသောအရာတို့ကိုမေ့ပစ်ပြီးလျှင်ရှေ့၌ရှိသောအရာ တို့သို့ရောက်ခြင်းငှာအစွမ်းကုန်ကြိုးစား၏။-
14. သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။