ဖိ​လိပ္ပိ 3:1-11 Common Language Bible (BCL)

1. ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​ရ​သော်​သ​ခင်​ဘု​ရား နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဝမ်း​မြောက် ကြ​လော့။ ယ​ခင်​က​ငါ​ရေး​သား​ဖော်​ပြ​ပြီး သော​အ​ကြောင်း​အ​ရာ​များ​ကို​ယ​ခု​ထပ်​မံ​၍ ဖော်​ပြ​ရ​သည်​မှာ​ဝန်​မ​လေး​ပါ။ သင်​တို့​ပို​၍ လုံ​ခြုံ​စေ​ရန်​ဖြစ်​၏။-

2. ခွေး​ဖြစ်​သူ၊ အ​ကျင့်​ဆိုး​ကို​ကျင့်​သော​သူ၊ ကိုယ် ခန္ဓာ​ကို​လှီး​ဖြတ်​ရ​မည်​ဟု​ဆို​သော​သူ​များ ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။-

3. အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။-

4. ပြင်​ပ​လက္ခ​ဏာ​များ​ကို​ကိုး​စား​မှု​လို​အပ်​သည်​ဟု ဆို​လျှင်​ငါ့​မှာ​ရှိ​၏။ ထို​ပြင်​ပ​လက္ခ​ဏာ​များ​ကို ကိုး​စား​နိုင်​သူ​တစ်​ဦး​တစ်​ယောက်​ရှိ​သည်​ဟု​ဆို ပါ​က ငါ့​မှာ​ထို​သူ​ထက်​ပို​၍​ကိုး​စား​နိုင်​စ​ရာ အ​ကြောင်း​ရှိ​၏။-

5. ငါ​သည်​ရှစ်​ရက်​မြောက်​သော​နေ့​၌​အ​ရေ​ဖျား လှီး​မင်္ဂလာ​ကို​ခံ​ယူ​လျက်​ဣ​သ​ရေ​လ​လူ​မျိုး ဗင်္ယာ​မိန်​အ​နွယ်​ဝင်၊ ဟေ​ဗြဲ​အ​မျိုး​သား​မိ​ဘ​များ​မှ ပေါက်​ဖွား​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​နှင့် ပတ်​သက်​၍​ဆို​သော်​ငါ​သည်​ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​၏။-

6. ဘာ​သာ​ရေး​စိတ်​အား​ထက်​သန်​မှု​ဘက်​၌​ဆို​သော် အ​သင်း​တော်​ကို​ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​မှု​အ​ရ ဆို​သော်​ငါ​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​သည်။-

7. သို့​ရာ​တွင်​ထို​အ​ရာ​များ​သည်​ငါ့​အ​တွက်​အ​မြတ်​ဟု မှတ်​ယူ​နိုင်​သော်​လည်း ယ​ခု​အ​ခါ​ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အ​ရှုံး​ဟု​မှတ်​ယူ​၏။-

10. ငါ​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း၊ ထ​မြောက် ရှင်​ပြန်​တော်​မူ​ခြင်း​၏​တန်​ခိုး​တော်​ကို​ခံ​စား​ခြင်း၊ ခ​ရစ်​တော်​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း၊ ကိုယ်​တော် အ​သေ​ခံ​တော်​မူ​ခြင်း​၌​ပါ​ဝင်​ခြင်း​တို့​ကို​သာ လို​ချင်​တောင့်​တ​၏။-

11. သို့​မှ​သာ​ငါ​ကိုယ်​တိုင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခွင့်​ကို​ရ​မည်​ဟု​မျှော်​လင့်​နိုင်​ပေ​သည်။

ဖိ​လိပ္ပိ 3