ဖိ​လိပ္ပိ 2:7-18 Common Language Bible (BCL)

7. ယင်း​သို့​ပြု​မည့်​အ​စား​မိ​မိ​အ​လို​အ​လျောက်ဘုန်း​အ​သ​ရေ​တော်​ရှိ​သ​မျှ​ကို​စွန့်​၍ အ​စေ​ခံ​၏​ဇာ​တိ​ကို​ခံ​ယူ​တော်​မူ​၏။ကိုယ်​တော်​သည်​လူ့​အ​သွင်​ကို​ယူ​ဆောင်​၍ လူ​ကဲ့​သို့​သော​အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။

8. မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​လက်​ဝါး​ကပ် တိုင်​ပေါ်​တွင်အ​သေ​ခံ​သည့်​တိုင်​အောင်၊နာ​ခံ​ခြင်း​လမ်း​စဉ်​ကို လိုက်​လျှောက်​တော်​မူ​၏။

9. ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်ကိုယ်​တော်​အား​အ​ထက်​ဘ​ဝဂ်​သို့​တိုင်​အောင် ချီး​မြှောက်​၍၊ဘွဲ့​နာ​မ​တ​ကာ​တို့​ထက်​ကြီး​မြတ်​သော​ဘွဲ့ နာ​မ​ကို ပေး​သ​နား​တော်​မူ​၏။

10. ထို့​ကြောင့်​မိုး​မြေ​နှင့်​မြေ​အောက်​ရှိ သတ္တဝါ​အ​ပေါင်း​တို့​သည်သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​ရို​သေ​ဦး​ညွှတ်​လျက်၊

11. ယေ​ရှု​ခ​ရစ်​သည်​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု နှုတ်​ဖြင့်​ဝန်​ခံ​သ​ဖြင့်၊ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။

14. သင်​တို့​လုပ်​ဆောင်​စ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ညည်း မ​တွား၊ မ​ငြင်း​မ​ခုံ​ဘဲ​လုပ်​ဆောင်​ကြ​လော့။-

17. သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။-

18. သင်​တို့​သည်​လည်း​ဝမ်း​မြောက်​လျက်​ငါ​နှင့် အ​တူ​ဝမ်း​မြောက်​ကြ​လော့။

ဖိ​လိပ္ပိ 2