20. တိမောသေတစ်ဦးသာလျှင်ငါနှင့်သဘောချင်း တူ၍သင်တို့၏အကျိုးကိုအကယ်ပင်လိုလား သူဖြစ်၏။-
21. အခြားသောသူအပေါင်းတို့သည်ကားကိုယ့် အကျိုးကိုသာလျှင်ရှာကြ၏။ ယေရှုခရစ် ၏အကျိုးကိုမရှာကြ။-
22. တိမောသေနှင့်ငါသည်သားအဖသဖွယ်အတူ တကွသတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော် ကိုအဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းကိုသင်တို့ သိကြ၏။-
23. သို့ဖြစ်၍ငါ့အမှုကိစ္စအဘယ်သို့ဖြစ်မည်ကိုသိ လျှင်သိခြင်း သူ့အားသင်တို့ထံသို့စေလွှတ်နိုင် မည်ဟုငါမျှော်လင့်၏။-
24. သခင်ဘုရားကိုယုံကြည်ကိုးစားလျက်ငါကိုယ် တိုင်ပင်မကြာမီသင်တို့ထံသို့လာနိုင်လိမ့်မည်။
25. ငါ၏လုပ်ဖော်ဆောင်ဘက်၊ ငါနှင့်အတူတိုက်ပွဲ ဝင်ခဲ့သူ၊ ငါ့အားပြုစုရန်သင်တို့ကစေလွှတ် လိုက်သူ၊ ငါတို့၏ညီဧပဖြောဒိတ်ကိုသင်တို့ ထံသို့စေလွှတ်ရန်လိုအပ်သည်ဟုငါယူဆ၏။-
26. သူသည်သင်တို့အပေါင်းကိုလွမ်းဆွတ်လျက် နေ၏။ သူဖျားနာသည့်သတင်းကိုသင်တို့ကြား သိသွားသဖြင့်သူသည်စိတ်မချမ်းမသာ ဖြစ်လျက်နေ၏။-
27. သူသည်အမှန်ပင်သေလုနီးပါးဖျားနာခဲ့၏။ သို့ရာတွင်ဘုရားသခင်သည်သူ့ကိုသနား တော်မူလေပြီ။ သူ့ကိုသာလျှင်သနားတော် မူသည်မဟုတ်။ ငါ့အားလည်းထပ်ဆင့်ဝမ်း နည်းမှုနှင့်မကြုံတွေ့စေရန်သနားတော်မူ၏။-
28. ထို့ကြောင့်သင်တို့သည်သူ့ကိုတစ်ဖန်တွေ့မြင်ရ သဖြင့်ဝမ်းမြောက်ကြစေရန်လည်းကောင်း၊ ငါ ၏ဝမ်းနည်းမှုကိုလည်းပပျောက်သွားစေရန် လည်းကောင်းသူ့အားသင်တို့ထံသို့စေလွှတ် ရန်ငါပို၍စိတ်အားထက်သန်လျက်ရှိ၏။-
29. သင်တို့သည်သူ့အားခရစ်ယာန်ညီအစ်ကိုတစ်ဦး အနေဖြင့်ဝမ်းမြောက်စွာကြိုဆိုကြလော့။ ထိုသို့ သောသူတို့ကိုရိုသေလေးစားကြလော့။-
30. သူသည်သင်တို့ကိုယ်တိုင်မပေးနိုင်သည့်အကူ အညီကို ငါ့အားပေးနိုင်အံ့သောငှာအသက်စွန့် စား၍ ခရစ်တော်၏အမှုတော်ကိုသေလုနီး သည်တိုင်အောင်ကြိုးပမ်းထမ်းဆောင်ခဲ့ပေသည်။