ဖိ​လိပ္ပိ 1:22-30 Common Language Bible (BCL)

22. သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဆက်​လက်​အ​သက် ရှင်​ခြင်း​အား​ဖြင့်​ပို​မို​အ​ကျိုး​ပြု​နိုင်​မည်​ဆို ပါ​က အ​သက်​ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​အ​နက် အ​ဘယ်​အ​ရာ​ကို​ရွေး​ချယ်​ရ​ပါ​မည်​နည်း။-

23. ငါ့​မှာ​စိတ်​နှစ်​ခွ​ဖြစ်​လျက်​နေ​တော့​၏။ ငါ​သည်​ဤ ဘ​ဝ​ကို​စွန့်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​နေ​လို​လှ​ပါ သည်။ သို့​ပြု​ရ​လျှင်​ငါ့​အ​ဖို့​ပို​၍​အ​ကျိုး​ရှိ​၏။-

24. သို့​သော်​သင်​တို့​၏​အ​ကျိုး​ကို​ထောက်​၍​ငါ​သည် အ​သက်​ရှင်​လျက်​နေ​ရန်​ပို​၍​အ​ရေး​ကြီး​၏။-

25. ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့်​ငါ​သည်​သင်​တို့ နှင့်​အ​တူ​နေ​မည်။ သင်​တို့​အား​တိုး​တက်​ကြီး ပွား​စေ​ရန်​နှင့်​ယုံ​ကြည်​ခြင်း​၌​ဝမ်း​မြောက် စေ​ရန်​ငါ​သည်​သင်​တို့​နှင့်​အ​တူ​နေ​မည်။-

26. သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​တစ်​ဖန်​နေ​ခွင့် ရ​သော​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​သင်​တို့​သည်​ငါ့​အ​တွက် ကြောင့်​ပို​၍​ပင်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​လိမ့်​မည်။

27. ယ​ခု​သင်​တို့​အ​ဖို့​အ​ရေး​ကြီး​သည့်​အ​ရာ​မှာ ခ​ရစ်​တော်​၏​တ​ရား​တော်​နှင့်​အ​ညီ​ပြု​မူ​နေ​ထိုင် ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။ သင်​တို့​ထံ​သို့​ငါ​ပြန် လာ​သည်​ဖြစ်​စေ၊ မ​လာ​သည်​ဖြစ်​စေ​သာ​သ​နာ တော်​တည်​တံ့​ကြီး​ပွား​ရေး​အ​တွက်​ကြံ့​ခိုင်​စွာ ရပ်​တည်​၍​တစ်​စိတ်​တစ်​သ​ဘော​တည်း၊ ရည်​ရွယ် ချက်​တစ်​ခု​တည်း​ဖြင့်​သ​တင်း​ကောင်း​နှင့်​ဆိုင် သော​ယုံ​ကြည်​ခြင်း​တရား​အ​တွက်​သင်​တို့​တိုက်​ပွဲ ဝင်​လျက်​ရှိ​ကြ​ကြောင်း​ကို​ငါ​ကြား​သိ​လို​၏။-

28. သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ကြောက်​ကြ​နှင့်။ အ​ခါ​ခပ်​သိမ်း​ရဲ​ရင့်​ကြ​လော့။ ဤ​သည်​ပင်​လျှင် ရန်​သူ​တို့​ရှုံး​နိမ့်​မည်​ဖြစ်​ကြောင်း​နှင့်​သင်​တို့ အောင်​မြင်​မည်​ဖြစ်​ကြောင်း​ကို​ရန်​သူ​များ​အား သက်​သေ​ပြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ကား ဘု​ရား​သ​ခင်​ပင်​ဖြစ်​တော်​မူ​သော​ကြောင့် တည်း။-

29. သင်​တို့​သည်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​မ​က​ကိုယ်​တော်​၏​အ​တွက်​ဆင်း​ရဲ​ဒုက္ခ ခံ​ခြင်း​အား​ဖြင့်​လည်း ကိုယ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ရန်​အ​ခွင့်​ထူး​ကို​ရ​ရှိ​ကြ​၏။-

30. ယ​ခု​သင်​တို့​သည်​ငါ​နှင့်​အ​တူ​တိုက်​ပွဲ​ကို​ဝင် နိုင်​ကြ​လေ​ပြီ။ ယ​ခင်​အ​ခါ​က​ငါ​တိုက်​ပွဲ​ဝင် ခဲ့​သည်​ကို​သင်​တို့​တွေ့​မြင်​ခဲ့​ကြ​၏။ သင်​တို့ ကြား​သိ​သည့်​အ​တိုင်း​ယ​ခု​လည်း​ငါ​သည် တိုက်​ပွဲ​ကို​ဝင်​လျက်​နေ​သေး​၏။

ဖိ​လိပ္ပိ 1