21. အသက်ရှင်ခြင်းဟူသည်မှာအဘယ်နည်း။ ငါ ၏အဖို့မှာအသက်ရှင်ခြင်းသည်ခရစ်တော်ပင် ဖြစ်၏။ သေလျှင်မူကားပို၍အကျိုးရှိ၏။-
22. သို့ရာတွင်အကယ်၍ငါသည်ဆက်လက်အသက် ရှင်ခြင်းအားဖြင့်ပိုမိုအကျိုးပြုနိုင်မည်ဆို ပါက အသက်ရှင်ခြင်းနှင့်သေခြင်းတို့အနက် အဘယ်အရာကိုရွေးချယ်ရပါမည်နည်း။-
23. ငါ့မှာစိတ်နှစ်ခွဖြစ်လျက်နေတော့၏။ ငါသည်ဤ ဘဝကိုစွန့်၍ခရစ်တော်နှင့်အတူနေလိုလှပါ သည်။ သို့ပြုရလျှင်ငါ့အဖို့ပို၍အကျိုးရှိ၏။-
24. သို့သော်သင်တို့၏အကျိုးကိုထောက်၍ငါသည် အသက်ရှင်လျက်နေရန်ပို၍အရေးကြီး၏။-
25. ဤသို့ယုံကြည်စိတ်ချသဖြင့်ငါသည်သင်တို့ နှင့်အတူနေမည်။ သင်တို့အားတိုးတက်ကြီး ပွားစေရန်နှင့်ယုံကြည်ခြင်း၌ဝမ်းမြောက် စေရန်ငါသည်သင်တို့နှင့်အတူနေမည်။-