17. အခြားသောသူတို့သည်ကားခရစ်တော်၏ အကြောင်းကိုစိတ်ရိုးသဘောရိုးဖြင့်မဟုတ်ဘဲ ကျော်ကြားလိုသောဆန္ဒဖြင့်ဟောပြောကြ၏။ သူတို့၏အကြံမှာအကျဉ်းခံနေရသူငါ့ အားပို၍စိတ်ဒုက္ခရောက်စေရန်ပင်ဖြစ်၏။
18. ဟောပြောသည့်နည်းမှာအရေးမကြီးပါ။ မှား ယွင်းသောရည်ရွယ်ချက်ဖြင့်ဟောပြောသည်ဖြစ်စေ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့်ဟောပြောသည် ဖြစ်စေခရစ်တော်အကြောင်းကိုဟောပြော ခြင်းသာဖြစ်သဖြင့်ငါဝမ်းမြောက်၏။ ဆက်လက် ၍ဝမ်းမြောက်လျက်နေမည်။-
19. အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။-
20. ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
21. အသက်ရှင်ခြင်းဟူသည်မှာအဘယ်နည်း။ ငါ ၏အဖို့မှာအသက်ရှင်ခြင်းသည်ခရစ်တော်ပင် ဖြစ်၏။ သေလျှင်မူကားပို၍အကျိုးရှိ၏။-
22. သို့ရာတွင်အကယ်၍ငါသည်ဆက်လက်အသက် ရှင်ခြင်းအားဖြင့်ပိုမိုအကျိုးပြုနိုင်မည်ဆို ပါက အသက်ရှင်ခြင်းနှင့်သေခြင်းတို့အနက် အဘယ်အရာကိုရွေးချယ်ရပါမည်နည်း။-
23. ငါ့မှာစိတ်နှစ်ခွဖြစ်လျက်နေတော့၏။ ငါသည်ဤ ဘဝကိုစွန့်၍ခရစ်တော်နှင့်အတူနေလိုလှပါ သည်။ သို့ပြုရလျှင်ငါ့အဖို့ပို၍အကျိုးရှိ၏။-
24. သို့သော်သင်တို့၏အကျိုးကိုထောက်၍ငါသည် အသက်ရှင်လျက်နေရန်ပို၍အရေးကြီး၏။-
25. ဤသို့ယုံကြည်စိတ်ချသဖြင့်ငါသည်သင်တို့ နှင့်အတူနေမည်။ သင်တို့အားတိုးတက်ကြီး ပွားစေရန်နှင့်ယုံကြည်ခြင်း၌ဝမ်းမြောက် စေရန်ငါသည်သင်တို့နှင့်အတူနေမည်။-
26. သို့ဖြစ်၍ငါသည်သင်တို့နှင့်တစ်ဖန်နေခွင့် ရသောအခါ၌ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်သူသင်တို့သည်ငါ့အတွက် ကြောင့်ပို၍ပင်ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။
27. ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-