ဖိ​လိပ္ပိ 1:13-22 Common Language Bible (BCL)

13. ငါ​သည်​ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​သည့်​အ​တွက် ကြောင့်​ငါ​အ​ကျဉ်း​ခံ​ရ​လျက်​နေ​ရ​ကြောင်း​ကို နန်း​တော်​အ​စောင့်​တပ်​တစ်​တပ်​လုံး​နှင့်​အ​ခြား သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပေ​သည်။-

14. ဤ​သို့​ငါ​အ​ကျဉ်း​ခံ​ရ​ခြင်း​ကြောင့်​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​များ​ပင်​သ​ခင်​ဘု​ရား​အ​ပေါ်​တွင် ပို​၍​ယုံ​ကြည်​စိတ်​ချ​လာ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​မ​ကြောက်​မ​ရွံ့​ဘဲ​နှုတ်​က​ပတ်​တ​ရား​တော် ကို​ပို​မို​၍​ဟော​ပြော​ဝံ့​ကြ​ပေ​သည်။

15. အ​ချို့​သော​သူ​တို့​သည်​မ​နာ​လို​သော​စိတ်၊ ရန်​တွေ့ လို​သော​စိတ်​နှင့်​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော ပြော​ကြ​၏။ အ​ချို့​သော​သူ​တို့​မူ​ကား​စေတနာ စိတ်​နှင့်​ဟော​ပြော​ကြ​ပေ​သည်။-

16. ဤ​သူ​တို့​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း ကောင်း​ကို​ကာ​ကွယ်​ဟော​ပြော​ရန်​ငါ့​အား​ဘု​ရား သ​ခင်​ခန့်​ထား​တော်​မူ​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​အ​လျောက်​ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။-

17. အ​ခြား​သော​သူ​တို့​သည်​ကား​ခ​ရစ်​တော်​၏ အ​ကြောင်း​ကို​စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​မ​ဟုတ်​ဘဲ ကျော်​ကြား​လို​သော​ဆန္ဒ​ဖြင့်​ဟော​ပြော​ကြ​၏။ သူ​တို့​၏​အ​ကြံ​မှာ​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ့ အား​ပို​၍​စိတ်​ဒုက္ခ​ရောက်​စေ​ရန်​ပင်​ဖြစ်​၏။

18. ဟော​ပြော​သည့်​နည်း​မှာ​အ​ရေး​မ​ကြီး​ပါ။ မှား ယွင်း​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည်​ဖြစ်​စေ၊ မှန်​ကန်​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည် ဖြစ်​စေ​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော ခြင်း​သာ​ဖြစ်​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။ ဆက်​လက် ၍​ဝမ်း​မြောက်​လျက်​နေ​မည်။-

19. အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကြောင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ဝိ​ညာဉ် တော်​၏​ကူ​ညီ​စောင်​မ​မှု​ကြောင့်​လည်း​ကောင်း ငါ​သည်​ဤ​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​မည် ဟု​ငါ​သိ​သော​ကြောင့်​ဖြစ်​၏။-

20. ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။-

21. အ​သက်​ရှင်​ခြင်း​ဟူ​သည်​မှာ​အ​ဘယ်​နည်း။ ငါ ၏​အ​ဖို့​မှာ​အ​သက်​ရှင်​ခြင်း​သည်​ခ​ရစ်​တော်​ပင် ဖြစ်​၏။ သေ​လျှင်​မူ​ကား​ပို​၍​အ​ကျိုး​ရှိ​၏။-

22. သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဆက်​လက်​အ​သက် ရှင်​ခြင်း​အား​ဖြင့်​ပို​မို​အ​ကျိုး​ပြု​နိုင်​မည်​ဆို ပါ​က အ​သက်​ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​အ​နက် အ​ဘယ်​အ​ရာ​ကို​ရွေး​ချယ်​ရ​ပါ​မည်​နည်း။-

ဖိ​လိပ္ပိ 1