1. ခရစ်တော်ယေရှု၏အစေခံများဖြစ်သည့် ပေါလုနှင့်တိမောသေတို့ထံမှ ဖိလိပ္ပိမြို့တွင် နေထိုင်ကြကုန်သောသင်းအုပ်များနှင့်သင်း ထောက်လူကြီးများမှစ၍ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြသောသခင် ဘုရား၏လူစုတော်ဝင်အပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။
2. သင်တို့သည်ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်ထံတော်မှကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကိုခံစားရကြပါစေသော။
3. သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
4-5. အမှုတော်ကိုငါစတင်ဆောင်ရွက်ချိန်မှယနေ့ တိုင်အောင်သတင်းကောင်းကိုကြေညာရာတွင် ငါ နှင့်အတူသင်တို့ဆောင်ရွက်ခဲ့ကြသဖြင့်ငါ သည်သင်တို့အတွက်ဝမ်းမြောက်စွာဆုတောင်း ပါ၏။-
6. သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။-