1. ခရစ်တော်ယေရှု၏အစေခံများဖြစ်သည့် ပေါလုနှင့်တိမောသေတို့ထံမှ ဖိလိပ္ပိမြို့တွင် နေထိုင်ကြကုန်သောသင်းအုပ်များနှင့်သင်း ထောက်လူကြီးများမှစ၍ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြသောသခင် ဘုရား၏လူစုတော်ဝင်အပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။
2. သင်တို့သည်ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်ထံတော်မှကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကိုခံစားရကြပါစေသော။
3. သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
6. သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။-
7. သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
8. ငါသည်ခရစ်တော်ယေရှု၏မေတ္တာဖြင့်သင်တို့ အားလွန်စွာလွမ်းဆွတ်ကြောင်းဘုရားသခင် သည်ငါ့သက်သေဖြစ်တော်မူ၏။
11. ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။
12. ညီအစ်ကိုတို့၊ ငါတွေ့ကြုံရသည့်အဖြစ်အပျက် များသည်သတင်းကောင်းကိုကြေညာရာတွင် အကယ်ပင်အထောက်အကူပေးကြောင်းသင် တို့အားသိစေလို၏။-
13. ငါသည်ခရစ်တော်၏အစေခံဖြစ်သည့်အတွက် ကြောင့်ငါအကျဉ်းခံရလျက်နေရကြောင်းကို နန်းတော်အစောင့်တပ်တစ်တပ်လုံးနှင့်အခြား သူအပေါင်းတို့သိရှိကြပေသည်။-
14. ဤသို့ငါအကျဉ်းခံရခြင်းကြောင့်ခရစ်ယာန် ညီအစ်ကိုအများပင်သခင်ဘုရားအပေါ်တွင် ပို၍ယုံကြည်စိတ်ချလာကြ၏။ သို့ဖြစ်၍သူတို့ သည်မကြောက်မရွံ့ဘဲနှုတ်ကပတ်တရားတော် ကိုပိုမို၍ဟောပြောဝံ့ကြပေသည်။
15. အချို့သောသူတို့သည်မနာလိုသောစိတ်၊ ရန်တွေ့ လိုသောစိတ်နှင့်ခရစ်တော်အကြောင်းကိုဟော ပြောကြ၏။ အချို့သောသူတို့မူကားစေတနာ စိတ်နှင့်ဟောပြောကြပေသည်။-
16. ဤသူတို့သည်သခင်ယေရှုအကြောင်းသတင်း ကောင်းကိုကာကွယ်ဟောပြောရန်ငါ့အားဘုရား သခင်ခန့်ထားတော်မူကြောင်းကိုသိသဖြင့် မေတ္တာအလျောက်ဟောပြောကြခြင်းဖြစ်၏။-
17. အခြားသောသူတို့သည်ကားခရစ်တော်၏ အကြောင်းကိုစိတ်ရိုးသဘောရိုးဖြင့်မဟုတ်ဘဲ ကျော်ကြားလိုသောဆန္ဒဖြင့်ဟောပြောကြ၏။ သူတို့၏အကြံမှာအကျဉ်းခံနေရသူငါ့ အားပို၍စိတ်ဒုက္ခရောက်စေရန်ပင်ဖြစ်၏။
18. ဟောပြောသည့်နည်းမှာအရေးမကြီးပါ။ မှား ယွင်းသောရည်ရွယ်ချက်ဖြင့်ဟောပြောသည်ဖြစ်စေ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့်ဟောပြောသည် ဖြစ်စေခရစ်တော်အကြောင်းကိုဟောပြော ခြင်းသာဖြစ်သဖြင့်ငါဝမ်းမြောက်၏။ ဆက်လက် ၍ဝမ်းမြောက်လျက်နေမည်။-
19. အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။-