နေ​ဟ​မိ 9:8-13 Common Language Bible (BCL)

8. ကိုယ်​တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ကြောင်း တွေ့​မြင်​တော်​မူ​သ​ဖြင့်ကိုယ်​တော်​သည်​သူ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ပါ​၏။သူ​၏​သား​မြေး​များ​နေ​ထိုင်​ရန်​အ​တွက်​သူ့​အားခါ​နာန်​ပြည်၊​ဟိတ္ထိ​ပြည်၊အာ​မော​ရိ​ပြည်၊ဖေ​ရ​ဇိ​ပြည်၊ယေ​ဗု​သိ​ပြည်​နှင့်​ဂိ​ရ​ဂါ​ရှိပြည်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ပါ​၏။သစ္စာ​တော်​ရှင်​ဖြစ်​သည်​နှင့်​အ​ညီ​ကိုယ်​တော်​သည် က​တိ​တော်​တို့​ကို​တည်​စေ​တော်​မူ​ပါ​၏။

9. ``အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​တွင်ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​သည်​ကို​ကိုယ်​တော် မြင်​တော်​မူ​ပါ​၏။ပင်​လယ်​နီ​တွင်​ထို​သူ​တို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​ကို​ကြား​တော်​မူ​ပါ​၏။

10. ဖာ​ရော​ဘု​ရင်​၏​မှူး​မတ်​များ​နှင့် တိုင်း​သူ​ပြည်​သား​များ​သည်ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို ညှဉ်း​ပန်း​နှိပ်​စက်​ကြ​သ​ဖြင့်သူ​တို့​အား​ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍၊ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်ဂုဏ်​သ​တင်း​တော်​သည်​ယ​နေ့​တိုင်​အောင် ကျော်​စော​လျက်​ရှိ​ပါ​၏။

11. ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပင်​လယ်​ကို​ဖြတ်​၍​လမ်း​ဖောက်​ပြီး​လျှင်သူ​တို့​အား​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ သွား​စေ​တော်​မူ​ပါ​၏။သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သူ​တို့​ကို​မူ ပင်​လယ်​ရေ​လှိုင်း​တွင်ကျောက်​ခဲ​နစ်​သ​ကဲ့​သို့​ရေ​ထဲ​၌​နစ်​စေ​တော် မူ​ပါ​၏။

12. ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား နေ့​အ​ချိန်​၌​မိုး​တိမ်​တိုက်​အား​ဖြင့်လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၍၊ညဥ့်​အ​ချိန်​၌သူ​တို့​၏​ခ​ရီး​လမ်း​ကို​မီး​တိမ်​တိုက်​ဖြင့် ထွန်း​လင်း​စေ​တော်​မူ​ပါ​၏။

13. ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​တော်​မူ​၍သိ​နာ​တောင်​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား မိန့်​မြွက်​တော်​မူ​ပါ​၏။သူ​တို့​အား​မွန်​မြတ်​သည့်​ပ​ညတ်​တော်​များ​နှင့် မှန်​ကန်​သော​သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ ပါ​၏။

နေ​ဟ​မိ 9