နေ​ဟ​မိ 9:1-2-3 Common Language Bible (BCL)

1-2. ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ အ​တွက်​ဝမ်း​နည်း​သည့်​အ​ထိမ်း​အ​မှတ်​ဖြင့် အ​စာ​ရှောင်​ရန်​စု​ရုံး​ကြ​၏။ ထို​သူ​တို့​သည် လူ​မျိုး​ခြား​များ​နှင့်​ကွာ​ပြီး​ဖြစ်​သည်။ သူ တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ ဏာ​ဖြင့် လျှော်​တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​မြေ မှုန့်​ဖြင့်​ဖြူး​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ ကို​ဖော်​ပြ​ဝန်​ခံ​ကြ​လေ​သည်။-

3. သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​စာ​တော်​ဖတ်​ရွတ်​သည် ကို သုံး​နာ​ရီ​ခန့်​နား​ထောင်​ကြ​ပြီး​လျှင်​နောက် ထပ်​သုံး​နာ​ရီ​မျှ မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ကာ မိ​မိ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ သည်။

နေ​ဟ​မိ 9