5. ဧဇရသည်ထိုသူတို့၏အထက်စင်မြင့်ပေါ် မှာရပ်လျက်နေစဉ် လူအပေါင်းတို့သည်သူ့ ကိုစိုက်ကြည့်ကြ၏။ ပညတ်ကျမ်းကိုဖွင့် လိုက်သောအခါသူတို့သည်ထကြ၏။-
6. ဧဇရက``ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုဆို၏။ပရိတ်သတ်တို့သည်လက်အုပ်ချီလျက်``အာမင်၊ အာမင်'' ဟုဝန်ခံပြီးလျှင်ဒူးထောက်ကာ ထာဝရဘုရားအားပျပ်ဝပ်ရှိခိုးကြ လေသည်။
7. ထိုနောက်လူတို့သည် မိမိတို့နေရာတွင်ထ ၍ရပ်ကြ၏။ ထိုအခါသူတို့အားလေဝိ အနွယ်ဝင်ဖြစ်ကြသောယောရှု၊ ဗာနိ၊ ရှေ ရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်နှင့်ပေလာယတို့ကပညတ်ကျမ်း စာတော်၏အနက်အဋ္ဌိပ္ပါယ်ကိုရှင်းပြကြ၏။
8. သူတို့သည်ထာဝရဘုရား၏ ပညတ်တရား တော်ကိုလူတို့နားလည်နိုင်ရန် ဘာသာပြန် ဆို ကာရှင်းပြကြလေသည်။
9. သူတို့သည်ပညတ်တရားပြဋ္ဌာန်းချက်များ ကိုကြားသောအခါ စိတ်ထိခိုက်သဖြင့်ငို ကြွေးကြကုန်၏။ သို့ဖြစ်၍ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရနှင့် ပညတ်ကျမ်းစာတော်၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းပြသူလေဝိအနွယ်ဝင်တို့က``ဤနေ့ သည်သင်တို့ဘုရားသခင်ထာဝရဘုရား ၏နေ့မြတ်ဖြစ်၏။ သင်တို့သည်ငိုကြွေးမြည် တမ်းမှုကိုမပြုကြနှင့်။-
10. ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
11. လေဝိအနွယ်ဝင်တို့သည်လှည့်လည်၍ထို နေ့မြတ်၌ ဝမ်းမနည်းဘဲစိတ်တည်ငြိမ်မှု ရှိကြရန်လူတို့အားပြောကြားကြ၏။-