နေ​ဟ​မိ 8:4-10 Common Language Bible (BCL)

4. ဧ​ဇ​ရ​သည်​ထို​အ​ချိန်​အ​ခါ​အ​တွက်​ဆောက် လုပ်​ထား​သော​သစ်​သား​စင်​မြင့်​ပေါ်​တွင်​ရပ် ၍ ပ​ညတ်​ကျမ်း​ကို​ဖတ်​လေ​သည်။ မတ္တိ​သိ၊ ရှေ​မ၊ အ​နာ​ယ၊ ဥ​ရိ​ယ၊ ဟိ​လ​ခိ​နှင့်​မာ​သေ​ယ​တို့ သည်​သူ​၏​လက်ယာ​ဘက်​၌​လည်း​ကောင်း၊ ပေ​ဒါ ယ၊ မိ​ရှေ​လ၊ မာ​လ​ခိ၊ ဟာ​ရှုံ၊ ဟာ​ရှ​ဗ​ဒါ​န၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​သည်​လက်​ဝဲ​ဘက်​၌ လည်း​ကောင်း​ရပ်​လျက်​နေ​ကြ​၏။

5. ဧ​ဇ​ရ​သည်​ထို​သူ​တို့​၏​အ​ထက်​စင်​မြင့်​ပေါ် မှာ​ရပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​သူ့ ကို​စိုက်​ကြည့်​ကြ​၏။ ပ​ညတ်​ကျမ်း​ကို​ဖွင့် လိုက်​သော​အ​ခါ​သူ​တို့​သည်​ထ​ကြ​၏။-

6. ဧ​ဇ​ရ​က``ကြီး​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​ဆို​၏။ပ​ရိတ်​သတ်​တို့​သည်​လက်​အုပ်​ချီ​လျက်``အာ​မင်၊ အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ဒူး​ထောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ လေ​သည်။

7. ထို​နောက်​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​တွင်​ထ ၍​ရပ်​ကြ​၏။ ထို​အ​ခါ​သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​ဖြစ်​ကြ​သော​ယော​ရှု၊ ဗာ​နိ၊ ရှေ ရ​ဘိ၊ ယာ​မိန်၊ အက္ကုပ်၊ ရှဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်​နှင့်​ပေ​လာ​ယ​တို့​က​ပ​ညတ်​ကျမ်း စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​ကြ​၏။

8. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တ​ရား တော်​ကို​လူ​တို့​နား​လည်​နိုင်​ရန် ဘာ​သာ​ပြန် ဆို ကာ​ရှင်း​ပြ​ကြ​လေ​သည်။

9. သူ​တို့​သည်​ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​ချက်​များ ကို​ကြား​သော​အ​ခါ စိတ်​ထိ​ခိုက်​သ​ဖြင့်​ငို ကြွေး​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ဘု​ရင်​ခံ​နေ​ဟ​မိ၊ ပ​ညတ်​ကျမ်း​တတ်​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​နှင့် ပ​ညတ်​ကျမ်း​စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​ပြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​က``ဤ​နေ့ သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား ၏​နေ့​မြတ်​ဖြစ်​၏။ သင်​တို့​သည်​ငို​ကြွေး​မြည် တမ်း​မှု​ကို​မ​ပြု​ကြ​နှင့်။-

10. ယ​ခု​အိမ်​သို့​ပြန်​၍​ပျော်​ရွှင်​စွာ​စား​သောက် ကြ​လော့။ သင်​တို့​၏​အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ကို မ​ရှိ​ဆင်း​ရဲ​သူ​တို့​အား​ဝေ​ငှ​ကြ လော့။ ဤ​နေ့​သည်​ငါ​တို့​ထာ​ဝ​ရ​ဘု​ရား ၏​နေ့​မြတ်​ဖြစ်​သ​ဖြင့် ဝမ်း​မ​နည်း​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​သော​ဝမ်း မြောက်​ခြင်း​သည် သင်​တို့​ကို​ခွန်​အား​ပြည့် ဝ​လာ​စေ​လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။

နေ​ဟ​မိ 8